(င)-ကြည့်မြင်တိုင်မြို့နယ်၊မြို့တစ်ဖက်ကမ်းရှိရွာများ သို့ပြည်ထောင်စုအစိုးရဘတ်ဂျက်ငွေဖြင့်တံတားတစ် စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း
မိမိမဲဆန္ဒနယ်၏ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ကျေးရွာပေါင်း ၁၁ ရွာနှင့် လူဦးရေပေါင်းဟာ ၄၅၉၀၀ ဦးနေထိုင်ကြလျက်ရှိပြီး ၎င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးသည် တစ်ဖက်ကမ်းနှင့် များစွာ ကွာဟနိမ့်ကျနေခြင်း၊ ပညာရေးတွင်လည်း ခက်ခဲစွာပညာ သင်ကြားနေရခြင်း၊ ကျန်းမာရေးတွင် လည်း တစ်ဖက်ကမ်းသို့သွားရောက် ကုသနေရခြင်းများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် မြို့ဖက်ကမ်းမှ တစ်ဖက်ကမ်းရှိ ရွာများသို့ဆက်သွယ်ပေးသည့် တံတားတစ်စီးရရှိပါက အဆိုပါ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းများသည် များစွာပြောင်းလဲတိုးတက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကြည့်မြင်တိုင်မြို့တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းရွာများသို့ ပြည်ထောင်စုအစိုးရ ဘတ်ဂျက်အနေဖြင့် တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် တည်ဆောက်မည်၊ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။