(စ)-နိုင်ငံခြားသားခရီးသည်များငွေလဲလှယ်ရေး အတွက်ရုံးပိတ်ရက်ရှည်များတွင် ဘဏ်များနှင့် Money Changer များကို ဗဟိုဘဏ်မှ ကွပ်ကဲ၍ အဓိကကျသော မြို့နယ်တိုင်း၌ အလှည့်ကျ ဖွင့် လှစ်ပေး ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း

2020-12-20

ဦးမြင့်စိုး (ပျော်ဘွယ်) နိုင်ငံခြား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံကို လာရောက်လေ့လာခြင်းဖြင့် မြန်မာနိုင်ငံရှိ လက်မှုပညာရှင်များ၊ အမှတ်တရအရောင်းဆိုင်များ၊ ခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွားအကျိုးဆောင်လုပ်ငန်းများ စသည့် ပြည်သူများ၏ ဘဝသည် တိုးတက်အဆင်ပြေလာမည်ဖြစ်ပြီး တိုင်းပြည်၏ ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် လေ့လာလည်ပတ်ရန် အကောင်းဆုံးစာရင်းတွင် ပါဝင်လာပြီး ကမ္ဘာလှည့်ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်လာသည်ကို တွေ့ရပါကြောင်း၊ အထူးသဖြင့် မြန်မာလူမျိုးတို့၏ သြင်္ကန်တွင်းကာလတွင် မြန်မာတို့နှင့်အတူ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲလိုသဖြင့် လာရောက်လေ့လာလည်ပတ်သူ နိုင်ငံခြားသားများစွာ ရှိပါကြောင်း၊ သို့ရာတွင် နိုင်ငံခြားသား ခရီးသည်များ ငွေလဲလှယ်ရေးအတွက် ရုံးပိတ်ရက်ရှည်သဖြင့် အခက်အခဲများစွာရှိသောကြောင့် ရုံးပိတ်ရက် များတွင် ဘဏ်များနှင့် Money Changer များကို ဗဟိုဘဏ်မှကွပ်ကဲ၍ ခရီးသွားလုပ်ငန်းအတွက် အဓိကကျသော မြို့နယ်တိုင်း၌ အလှည့်ကျဖွင့်လှစ်ပါက နိုင်ငံခြားသား ခရီးသည် များနှင့် ပြည်တွင်းနေ ပြည်သူများ ငွေလည်ပတ်မှု အဆင်ပြေနိုင်မည်ဖြစ်ပါ၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။