(က)-နိုင်ငံတော်မှ ရာဘာဈေးကွက် ရရှိရေး အ တွက်နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်ပေး ရန်နှင့် စပါးသီးနှံကဲ့သို့ စိုက်ဧကအလိုက် စိုက်စ ရိတ်အား နှစ်လတ်၊ နှစ်ရှည် ငွေချေးပေးရန် အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးစောဘသိန်း (သထုံ မဲဆန္ဒနယ်) (1277) မြန်မာနိုင်ငံတွင် ယခင်က နိုင်ငံခြားဝင်ငွေကို ဆန်စပါး၊ ကျွန်းသစ်၊ ရေနံတို့မှရရှိခဲ့သော်လည်း ယခုအခါ နှစ်ရှည်သီးနှံ စက်မှုကုန်ကြမ်းများလည်း ပါဝင်နေပြီဖြစ်ပါကြောင်း၊ ၎င်းအပြင် စက်မှုသီးနှံများပါဝင်သည့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာခေါ် ကြက်ပေါင်ဈေးများကို ရင်းနှီးတည်ဆောက်ထားသည့်အတွက် ရော်ဘာစိုက် တောင်သူများအနေဖြင့် ကုန်ကျစရိတ်များ များပြားလာ ပါကြောင်း၊ ရော်ဘာ တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပထမနှစ်တွင် တောခုတ်၊ မီးရှို့၊ ငုတ်ထုတ်၊ ကျင်းတူး၊ မျိုးဖိုး အစရှိသဖြင့် ကုန်ကျငွေ (၅)သိန်းကျော်ကျခံ ရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ် ပေါင်းရှင်း၊ ခြုံခုတ်၊ မြေသြဇာကျွေးခြင်းများ ပြုလုပ်နေရခြင်းကြောင့် အစေးခြစ် ကာလရောက်သည်အထိ ၁၀ သိန်းကျော်ကျော် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ရော်ဘာ အစေးခြစ်၍ရသည့် အချိန်တွင် ရော်ဘာခြစ် လုပ်သားခ များ ဈေးကြီးမှု၊ ရော်ဘာဈေးကွက် မရှိမှုတို့ကြောင်‌့ ရော်ဘာစိုက်တောင်သူများ ဒုက္ခရောက်နေကြရပါကြောင်း၊ သို့ရာတွင် နိုင်ငံတော်မှ စည်းရုံးလှုံဆော်မှု ပေးခဲ့သော်လည်း နောက်ပိုင်းဈေးကွက်ရှာဖွေမှုတွင် အကူအညီကင်းမဲ့နေရပါကြောင်း၊ နိုင်ငံတော်မှ ရော်ဘာဈေး ကွက်ရရှိရေးကို ရော်ဘာ စိုက်တောင်သူများ ဘဝနောင်ရေး စိတ်မလေးရအောင် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်ရှိ/ မရှိ၊ စပါးသီးနှံကဲ့သို့ စိုက်ဧကအလိုက် စိုက်စရိတ်အား နှစ်လ၊ နှစ်ရှည် ငွေချေးပေးနိုင်မှုရှိ/မရှိနှင့် ရော်ဘာစိုက်သူများ စိတ်ဓာတ်မကျရန် နိုင်ငံတကာနှင့်မဆက်ပေးနိုင်ပါက သင့်တော်သည့် ဈေးနှုန်းဖြင့်ဝယ်ယူ ထားပေးနိုင်ခြင်းရှိ/မရှိ သိရှိလို ပါကြောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။