(ခ)-မိုင်းပြင်းမြို့နယ်၊ ယမ်းခမ်း ကျေးရွာအုပ်စု နမ့် ပိန်းချောင်းဘေးတွင် ရေတိုက်စား၍ နှစ်စဉ်ပြိုကျ လျက်ရှိသောရွာမြေများအားမြေတားတမံပြုလုပ်ပေး ရန် နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-19
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပြင်းမြို့နယ် ယမ်းခမ်းကျေးရွာအုပ်စုမှ ဝမ်နား၊ ကွန်စိုင်းဆိုသည့် ကျေးရွာ ရှိပါကြောင်း၊ ၎င်းကျေးရွာ၏အနီးတွင် နမ့်ပိန်းချောင်းကို အမှီပြုပြီး စိုက်ရေးပျိုးရေးအတွက် အသုံးပြုနေကြ ပါကြောင်း၊ သို့ပေမယ့် မိုးရာသီရေကြီးရေလျှံ ကာလအတွင်းမှာ ချောင်းရေ၏ တိုက်စားမှုကြောင့် ကျေးရွာမြေများ တစ်နေ့ထက်တစ်နေ့ဆုံးရှုံးပြီး ကျေးရွာတစ်ရွာလုံးရှိမြေများ ပျက်စီးသွားမည့် အခြေအနေတွင် ရှိနေပါကြောင်း၊ ထို့အပြင် ရေကြီးရေလျှံသည့် အတွက်ကြောင့် ချောင်းရေကြီးပြီး ကျေးရွာသူ ကျေးရွာသားများ၏ အသက် အန္တရာယ်များလည်း စိုးရိမ်ရမည့်အခြေအနေများ တွေ့ရှိရပါကြောင်း၊ ယမ်းခမ်းကျေးရွာအုပ်စု ဝမ်နား၊ ကွန်စိုင်းကျေးရွာ၏အနီးတွင် ရေတားတံမံ ပြုလုပ်မည့်အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။