(ဆ)-အဖက်ဖက်မှနိမ့်ကျဆင်းရဲနေသောကျေးရွာများ အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကိစ္စများကိုနိုင် ငံတော်မှမည်ကဲ့သို့ကူညီနေသည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဒေါက်တာခင်မောင်ဆွေ (ကျောက်တံခါး) ကျောက်တံခါးမြို့နယ်တွင် ငြိမ်းချမ်းရေးရပြီးကာစ ဒေသ များဖြစ်သော ကျောက်တံခါး၊ ဖြူး၊ ကျောက်ကြီး စသည့် မြို့နယ်ချင်းဆက်သည့်နေရာတွင် ဇလုပ်၊ သစ်ဖြူဆိပ်၊ နတ်လောင်း၊ မြပဲခူး၊ ရေလဲ၊ ပျဉ်းမပင်၊ လက်ပံခုန်၊ ကင်ပွန်းခြုံ အစရှိသော ကျေးရွာများသည် ကွန်းချောင်း၏ တစ်ဖက်တစ်ချက် လည်းကောင်း။ ဒေါင်းမို့၊ တောကြောင် ပေါက်၊ ကျောက်စရစ်၊ လိန်ပင်၊ ရွှေသောင်၊ ပဲသောင်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီး၊ လှေတန်းကျွန်းကြီး၊ ကရင်ကျွန်းကြီး၊ ဟင်္သာဝဲ၊ ဝဲမှူး၊ ကျည်စု၊ ကညင်ကျိုးရွာဟောင်းအစရှိသော ရွာများသည် စစ်တောင်း မြစ်၏ အရှေ့ဘက်ကမ်းတွင်လည်းကောင်း၊ အနောက်ဘက်ကမ်းတွင် ဖို့ဘ၊ ချောင်းဝ၊ ချောက်တဲစု၊ နတ်တလင်း၊ ကျောက်စရစ်၊ ဒိုတန်း၊ လက်ခံ၊ ကညင်ကျိုး စသည့် ကျေးရွာများတည်ရှိပါကြောင်း၊  အဆိုပါကျေးရွာများသည် မြို့နယ်၏ အစွန်အဖျားတွင်ရှိကြပြီး ယခင်က ငြိမ်းချမ်းမှုမရှိခဲ့၍ ဒေသဖွံ့ဖြိုးရေးများ အလွန်ပင်နိမ့်ကျခဲ့ပါကြောင်း၊ ကျွန်းကြီးကျေးရွာမှာ စစ်တောင်း မြစ်ကူးတံတားရှိသော နတ်သံကွင်းကျေးရွာသို့ တောလမ်းအားဖြင့် ၉ မိုင်ခန့်ရှိပြီး ရွှေကျင်မတောသို့ သွားလျင် လည်း တောလမ်းအားဖြင့် ၁၂ မိုင်ခန့်သွားရသည့်အပြင် ယခုအခါတွင်လည်း ထိုဒေသ များ၌ ငြိမ်းချမ်းရေး ရကာစသာရှိသေးသဖြင့် ဖွံ့ဖြိုးမှု လုံးဝမရှိနိုင်သေးပါကြောင်း၊ ပညာရေး၊  ကျန်းမာရေးနှင့် ပတ်သက်၍လည်း အခက်အခဲများစွာဖြစ်ရှိ ပါကြောင်း။ မြို့နယ်၏အစွန် တစ်ဖက်ကမ်းတွင်ရှိသော ရွာများဖြစ်သဖြင့် ယခင်က လုံခြုံရေးအရ မြို့နယ်၏ ပံ့ပိုးမှုနည်းပါးခဲ့ သောကြောင့် ရွာမှ ကမ်းနားကတို့ဆိပ်သို့ သွားရာလမ်းသည်ပင် မိုးတွင်းတွင် သွားလာ၍ မရနိုင်ပါကြောင်း။ ထို့ပြင် တစ်ဖက်ကမ်းသို့ သွားရာမှာလည်း ကတို့ခမှာ လွန်စွာမှ ကြီးမြှင့်နေသည့်အပြင်  ထိုကျေးရွာများသည် မီးဆိုသည်ကို လုံးဝမမြင်ဘူးပါကြောင်း၊ ထို့ပြင် ရေဝါများကိုသာ စစ်သုံးနေရခြင်း၊  စိုက်ပျိုးရေးအသိပညာ နည်းပါးခြင်းကြောင့် နှမ်းများ မအောင်မြင်ခြင်း၊  ခန့်ခံ့ လုံခြုံသော တာတမံ များမရှိခဲ့၍ တာကျိုးခြင်း၊ ရေကြီး နစ်မြှုပ်ခြင်းများဖြစ်ခဲ့သောကြောင့် စီးပွားရေးလည်း အလွန်ပင်နိမ့်ကျခဲ့ပါကြောင်း၊  သို့ဖြစ်ပါ၍ ထိုကျေးရွာများ အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနေသည်နှင့်  မဆောင်ရွက်ပေးရ သေးပါက မည်သည့်ကိစ္စများကို မည်သည့် အချိန်တွင် ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။