(င)-မော်လမြိုင်လေယာဉ်ကွင်းကိုအဆင့်မြှင့်တင်ပြီး တစ်ပတ်လျှင် အထူးလေယာဉ်ပျံများ နှစ်ကြိမ် သို့မ ဟုတ် သုံးကြိမ်ပြေးဆွဲနိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

မော်လမြိုင်မြို့တွင် အခြားမြို့သို့သွားလာရန် လေယာဉ်ကွင်းများရှိပြီး ယခင်ကာလများက လေယာဉ်ဖြင့် သွားလာကြသော်လည်း ယခုအခါ ကားလမ်းကိုသာ ပို၍အသုံးပြုနေကြပါကြောင်း၊ သို့ဖြစ်၍ အချိန်တို၍ လူကိုသက်သာစေရန် မော်လမြိုင်လေယာဉ်ပျံကွင်းကို အဆင့်မြှင့်တင်ပြီး တစ်ပတ်လျှင် အထူး လေယာဉ်ပျံများ ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်ပြေးဆွဲနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။