(စ)-မွန်ပြည်နယ်၊သထုံမြို့နယ်ရှိလေယာဉ်ကွင်းကြီး အားပြန်လည်ပြုပြင်ပြီးလေယာဉ်ပြန်လည်ပြေးဆွဲပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

လွန်ခဲ့သော အနှစ် ၅၀ ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ် တွင် မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးမှ လေယာဉ်ကွင်း ၁ ကွင်း တည်ထောင်ခဲ့ ပါကြောင်း၊ လေယာဉ်ကွင်းအား စနစ်တကျသွပ်ဆူးကြီးများ ကာရံထားပြီး တစ်လလျှင် ၂ ကြိမ် လေယာဉ်ပြေး ဆွဲပေးခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် လေယာဉ်ပြေးဆွဲမှုမရှိတော့ဘဲ တပ်မတော်လေယာဉ်များသာ ရိက္ခာပေး ပို့ရန်အတွက် အသုံးပြုခဲ့ပါကြောင်း၊ ယခုအခါ လေယာဉ်ကွင်းကြီးသည် အကာအရံများမရှိတော့ဘဲ ဟင်းလင်းပြင်ကြီးဖြစ်နေပြီး ကျွဲ၊ နွား၊ ဆိပ်များ လွတ်ကျောင်းရာ နေရာကြီးဖြစ်နေပြီး မည်သည့်အဖွဲ့အစည်းများမှ ထိန်းသိမ်းမှု မရှိတော့ပါကြောင်း၊ သို့ဖြစ်ပါ၍ သထုံမြို့ လေယာဉ်ကွင်းကြီးအား ပြန်လည်ပြုပြင်ပြီး လေယာဉ်ပြန်လည်ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပြေးဆွဲရန် အစီအစဉ်မရှိတော့ပါက မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။