(က)-အခြေခံပညာကျောင်းများတွင်ကျောင်းထောက် ပံ့ကြေးပေးဆောင်ရာ၌ ကျောင်းသားဦးရေအလိုက် ရရှိသောထောက်ပံ့ကြေးပမာဏနှင့် သုံးစွဲရမည့် အကြောင်းအရာများကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
2020-12-19
ပညာရေးဝန်ကြီးဌာန အခြေခံပညာ ကျောင်းများတွင် အခမဲ့ပညာသင်ကြားရေးကို အထောက်အကူဖြစ် စေရန် အတွက် ၂၀၁၂-၁၃ ပညာသင်နှစ်မှစ၍ ကျောင်းထောက်ပံ့ကြေး မျာပေးအပ်ခဲ့သည်ကို တွေ့ရှိရ ပါကြောင်း၊ ထိုသို့ပေးဆောင် ရာတွင်လည်း ကျောင်းတစ်ကျောင်းစီ၏ ကျောင်းသားဦးရေပေါ် မူတည်ပြီး ထောက်ပံ့ကြေး များကို သတ်မှတ်ပေးခဲ့ပြီး ထိုငွေများကိုသုံးစွဲရာ၌ အဆင်ပြေစေရန် သုံးစွဲရမည့် ငွေစာရင်း ခေါင်းစဉ်များကိုလည်း ချမှတ်ပေးခဲ့သည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းထောက်ပံ့ကြေး အနည်းအများရရှိမှု၊ ကျောင်း တစ်ကျောင်းတွင်ရှိရမည့် ကျောင်းသားဦးရေ၊ သုံးစွဲရမည့်ငွေစာရင်း ခေါင်းစဉ် အကြောင်းအရာများကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။