(ဇ)-ပြည်သူများ အမှန်တကယ် အကျိုးရှိစွာ အသုံး ချနိုင်ရေးအတွက် ဗထူးတပ်မြို့ ရှောင်ကွင်းလမ်းကို ကတ္တရာလမ်း ခင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-19

ဦးခင်မောင်မြင့် (ရပ်စောက်)ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ဗထူးမြို့ရှောင်ကွင်းလမ်းကို ကတ္တရာလမ်း အဆင့်တိုးမြှင့် တည်ဆောက်ပေးနိုင်ရန် အတွက်မေးမြန်းခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောက် လုပ်ရေးဌာနပိုင် လမ်းမဟုတ်ပါဟု စာဖြင့်ဖြေကြားခဲ့ပါကြောင်း။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဗထူးမြို့ရှောင်လမ်း ကတ္တရာလမ်းခင်းရန် ခေါင်းစဉ်ဖြင့် ခွင့်ပြုရန်ပုံငွေ သန်း ၁၀၀ ရရှိခဲ့သော်လည်း ဗထူးမြို့ရှောင်လမ်းသည် ဆောက်လုပ်ရေး လမ်းပိုင်းအဖြစ် ထည့်၍သိမ်းသွင်းထားခြင်း မရှိသေးသောကြောင့် ဆောင် ရွက်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊  ထို့ကြောင့် ခွင့်ပြုရန်ပုံငွေရရှိ ပြီဖြစ်သော ဗထူးမြို့ရှောင်လမ်းကို ဆောက်လုပ်ရေးလမ်းအဖြစ် သိမ်းသွင်းပြီး ကတ္တရာလမ်းခင်း ပေးရန် အစီ အစဉ်များရှိ/မရှိ။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ဗထူးမြို့ရှောင်ကွင်းလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရန်ပုံငွေ လွှဲပြောင်း၍ တာဝန်ယူကြီးကြပ်ဆောင် ရွက်စေကာ ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ပေးမည့် အစီ အစဉ်များရှိ/မရှိတို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။