(က)-ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိရွာချင်းဆက် သွယ်သော လမ်းသို့ဖြတ်သန်း စီးဆင်းနေသော ကညင်ချောင်းအားအရှည်၂၁၅ ပေ×၁၄ ပေအကျယ် တံတားတစ်စင်း တည်ဆောက်ပေးနိုင်မှုရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးမောင်မောင်စိုး ( အင်္ဂပူ မဲဆန္ဒနယ်)အင်္ဂပူမြို့နယ်၊ အင်္ဂပူ-ဟင်္သာတ၊ အင်္ဂပူ-မြန်အောင်ကား လမ်းပေါ်ရှိ ဘုရားကွင်းကျေးရွာအုပ်စု၊ လူးကြီးကျေးရွာများသည် ကညင်ချောင်းကို ဖြတ်ကျော်ပြီး ပန်းတင်‌ကျေးရွာအုပ်စု၊ သက်ကယ်ပြင်၊ အင်ပင်ကုန်း၊ ရှမ်းတောင်းပြဲ၊ မဲဇလီကုန်းကျေးရွာအုပ်စု များဖြစ်သော ကျေးရွာအုပ်စု ၅ အုပ်စု၊ ကျေးရွာပေါင်း ၄၆ ရွာရှိ လူဦးရေပေါင်း ၁၀၀၀၀ သောင်းခန့် ဖြတ်သန်းသွားလာနေသော လမ်းဖြစ်ပါကြောင်း၊  အဆိုပါ ကညင်ချောင်းသည် မိုးတွင်းအခါ တောင်ကျရေများ၊ ဧရာဝတီမြစ်ရေလျှံတက်မှု များကြောင့် ရေစီးသန်ပြီး ကျောင်းသူကျောင်းသားများသည် ဇောင်းတန်း အ.ထ.က(ခွဲ)၊ မဲဇလီကုန်း အ.ထ.က များသို့ လှေများ၊ ဖောင်များဖြင့် သွားလာနေကြရပါကြောင်း၊ ဒေသထွက်ကုန်ဆန်စပါး၊ ပဲအမျိုးမျိုး၊ ရေထွက်ကုန်ပစ္စည်းများကို ခက်ခက်ခဲခဲ သယ်ယူပို့ဆောင်နေကြရပြီး ဆောင်းသီးနှံစိုက်ပျိုးရန် လယ်ယာကိုင်းသုံး ထွန်စက်များကိုလည်း ဖောင်များဖြင့် ကူးကြရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ကညင်ချောင်းအား အလျား ပေ ၁၂၅ ပေ၊ အနံ ၁၄ ပေအကျယ် တံတားတစ်စင်းကို နိုင်ငံတော်အဆင့်မှ ဆောက်လုပ်ပေးနိုင်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။