(က)-လဲချားမြို့နယ်အတွင်းလမ်းတံတားများကိုချဲ့ ကားပြုပြင်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း
လဲချားမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းကို မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဌာနက လုပ်ကိုင်ဆောင်ရွက်ပြီး လဲချားမြို့နယ်နှင့် အခြားမြို့နယ်ချင်းဆက်လမ်းများကို နေပြည်တော်လမ်းအထူး ၅ စီမံကိန်းဖြင့် လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း၊ ပြီးခဲ့သည့်ကာလများတွင် တစ်ရာသီသာသာ ကောင်းသည့်လမ်းများဖြစ်သည့်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့ ကို ဖြတ်သန်း သွားသော ပြည်ထောင်စုလမ်းမကြီးများ ဖြစ်သည့် လွိုင်လင်- ပန်ကေတု- သီပေါလမ်း၊ လွိုင်လင် - မိုင်းနောင်- မိုင်းရှူးလမ်းတို့ကို အသုံးပြုပြီး နေ့ညမရွေး သွားလာနေကြရာတွင် လမ်းအခက်အခဲရှိမှုကြောင့် အဆိုပါလမ်းများသည် သွားရေးလာရေး ခက်ခဲလှပါကြောင်း၊ လဲချားမြို့နယ်အတွင်းရှိ တံတားများ၊ လမ်းများသည် ကျဉ်းမြောင်းသည့်အတွက် မကြာခဏ ယာဉ်တိုက်မှုများဖြစ်ပွားလေ့ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လဲချားမြို့နယ်အတွင်း တံတားလမ်းများနှင့် မြို့နယ်တွင်းလမ်း၊ တံတားများ ချဲ့ကားပြုပြင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။