(က)-ကျေးရွာသစ်ခြံမြေကွက်များ၏အကျယ်ကိုသတ် မှတ်ရာတွင် ခြံမြေအကျယ်ကို၆၀x၁၂၀ပေတိုးမြှင့် သတ်မှတ်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-19
ကြိုးဝိုင်းကျူးများနှင့် ကျေးရွာအသစ်များ ဖွဲ့စည်းခြင်း၊ မြေကွက်များချထားပေးမှုနှင့် ပတ်သက်၍ ခြံမြေကွက်များ၏ အကျယ်ကို သတ်မှတ်ရာတွင် ကျေးရွာလူထု၏ အသက်မွေးဝမ်းကြောင်းဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပူးတွဲဆောင်ရွက်ရသည့်အတွက် လိုအပ်သော သီးနှံသိုလှောင်ဂိုဒေါင်နှင့် တစ်နိုင်တစ်ပိုင် နွား၊ ဝက်မွေးမြူသည့် အဆောက် အဦ၊ နွားစာသိုလှောင်သော ကောက်ရိုးပုံ၊ သီးနှံ၊ ပဲ၊ နှမ်းချွေလှေ့သော တလင်းကွင်းများ လိုအပ်သည့်အတွက် မြေနေရာချထားသည့်နေရာတွင် မြေကွက်၏ အကျယ်ကို (၆၀ x ၁၂၀)ပေသို့ တိုးမြှင့်သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။