(ခ)-မာန်အောင်မြို့နယ်ရှိ (၂၅) ခုတင်ဆံ့ ဆေးရုံ ကြီးနှင့်အလှမ်းကွာဝေးနေသောဒိုးတန်းကျေးရွာ၊ ခါးအုန်းမော်ကျေးရွာ နှင့် မြင်းဆိပ်ပြင်ကျေးရွာတို့ တွင် ကျေးလက် ဆေးပေးခန်း(၃)ခုဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

မာန်အောင်မြို့နယ်တွင် မာန်အောင်ကျွန်း၊ ရေးကျွန်းနှင့် တိုက်ကျွန်းဟူ၍ ကျွန်း ၃ ကျွန်းရှိပြီး ကျေးရွာပေါင်း ၁၃၈ ရွာရှိပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲပေါင်း ၁၇ ခုသာရှိသည့်အတွက် ဒေါတန်းကျေးရွာ၊ ဖာအုန်းမိုကျေးရွာ၊ မင်းဆိပ်ပင်ကျေးရွာတို့နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၃ ခုကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ၊ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်နှင့် မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။