(င)-တနင်္သာရီမြို့နယ်၊မောတောင်နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ်ဖွင့်လှစ်ပေး ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

တနင်္သာရီတိုင်းဒေသကြီးသည် အိမ်နီးချင်းနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသော တိုင်းဒေသကြီး ဖြစ်သည့် အလျောက် နယ်စပ်ဂိတ်တစ်ခုဖွင့်ထားပါကြောင်း၊ ယင်းနယ်စပ်ဂိတ်သည် မြန်မာထားဝယ်ခရိုင် တွင်ရှိသည့် ထီးစီးနယ်စပ်၊ မြိတ်ခရိုင်တွင် မောတောင်နယ်စပ်၊ ကော့သောင်းခရိုင်တွင် ကော့သောင်း နယ်စပ်ရှိပါတယ်။ ထားဝယ်ခရိုင်တွင်ရှိသည့်နယ်စပ်နှင့် ၁၁-၅-၂၀၁၃ ခုနှစ်တွင် ပိတ်ပြီး ၁၈-၈-၂၀၁၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် သတ်မှတ်ပြီး နယ်စပ်ဖြတ်ကျော်မှု ကုန်စည်းစီးဆင်း မှုများ ဆောင်ရွက်နေရပြီး ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ကို ၁-၉-၁၉၉၆ ခုနှစ်တွင် နယ်စပ် ဝင်/ထွက်ဂိတ် အဖြစ်သတ်မှတ်ပြီး ၂၈-၈-၂၀၁၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် သတ်မှတ်ခဲ့ပြီး  နယ်စပ်ဆက်သွယ်မှု ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင် နယ်စပ်ဂိတ်အဖြစ် ၈-၅-၂၀၁၃ ရက်နေ့တွင် သတ်မှတ်ပြီး နိုင်ငံတော်မှ နယ်စပ်ဖြတ်ကျော်ရန်နှင်‌့ ကုန်စည်စီးဆင်းရန်အတွက် ဌာနပေါင်းစုံရုံးများလည်း ဖွင့်ထားခဲ့ပါပြီဖြစ်ပါကြောင်း၊ ကုန်စည်ယာဉ်ကြီးများစခန်း၊ စစ်ဆေးရေးဂိတ်၊ ကုန်သိုလှောင်ခန်းကြီးများလည်း ဆောင်ရွက်ထား ပြီးဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် တစ်ဖက်နိုင်ငံအစိုးရက မြေသတ်မှတ်ပေးခြင်းမရှိသဖြင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။