(င)-အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်သို့ ဆက်သွယ်ထားသော စစ်တောင်းမြစ်ကူးတံတား ကြီးအား ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
အုတ်တွင်းမြို့နယ်၊ ကျွဲပွဲနှင့် ထန်းတပင် မြို့နယ်၊ မြို့သိုးသို့ဆက်သွယ်သည့် စစ်တောင်း မြစ်ကူးတံတားကို တည်ဆောက်ပေးမည်ဆိုပါက ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀ ရွာ မှ လူဦးရေ ၄၈၀၀၀ကျော်နှင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အတွင်းရှိ ကျေးရွာအုပ်စု ၁၁ ရွာမှ လူဦးရေစုစုပေါင်း ၁၅၀၀၀ကျော်တို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို အကျိုးပြုနိုင် မည် ဖြစ်သည့်အပြင် အဆိုပါတံတား ကို ကုန်ထုတ်လမ်းအဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်သူများအနေဖြင့် စက်လှေများ အသုံးပြုသွားလာရခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် များစွာထိခိုက်နစ်နာရခြင်း၊ ကုန်ထုတ်ကိစ္စ လုပ်ဆောင်နိုင်မှုမရှိခြင်းများကို ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ထန်းတပင်မြို့နယ်၊ မြို့သိုးကျေးရွာနှင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တို့ကို ဆက်သွယ်မည့် စစ်တောင်းမြစ်ကူးတံတားကို နိုင်ငံတော်မှ တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ် သည်ကို သိရှိပါကြောင်းမေးမြန်းပါသည်။