(ဂ)-ညောင်ဦးမြို့နယ်အတွင်းသမဝါယမအသင်းစုမှ ပိုင်ဆိုင်ခဲ့သော ပုဂံဟိုတယ်အားပုဂ္ဂလိကပိုင်အဖြစ် သို့ပြောင်းလဲပါကမည်သည့်ဘောင်နှင့်ပွင့်လင်းမြင် သာစွာပြောင်း လဲရောင်းချခဲ့သည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
သမဝါယမအသင်းများကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၀ သမဝါယမအသင်းဥပဒေဖြင့် စတင် တည်ထောင်ခဲ့ပြီး လဝတလက်ထပ်တွင် ၁၉၇၀ သမဝါယမ အသင်းဥပဒေကို ပယ်ဖျက်ပြီး သမဝါယမအသင်းလီမိတက်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ၁၉၇၀ သမဝါယမအသင်း ဥပဒေ မပယ်ဖျက်မီနှင့် ပယ်ဖျက်ပြီး နောက်ပိုင်းတွင် လုပ်ငန်းများ၏ ဆုံးရှုံးမှုများကြောင့် ဘတ်ချေးငွေများ ဆပ်ရန်ရှိသည်များကို သမဝါယမပိုင် အဆောက်အအုံများ၊ မြေနေရာများ ရောင်းချပြီး စခဲ့ရသည့်အချိန်တွင် တိုင်တန်းမှုမျိုးစုံကို တွေ့ကြုံ ခဲ့ရသည်များ ရှိခဲ့ပါကြောင်း၊ တစ်ချို့နေရာများတွင် ဘတ်အကြွေးဆပ်ရန်မဟုတ်ဘဲ ရောင်းချခဲရပြီးှ စတင်ထူထောင်ခဲ့သည့် အင်းသားများ၏တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ထိုက်သင့်သော အကျိုးခံစားခွင့်မရရှိဘဲ ပြည်သူများကြားတွင် နောင်တရသည့်အသံများ ယခုအချိန်ထိ ကြားနေရဆဲဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ညောင်ဦးမြို့နယ်အသင်းစုပိုင် ပုဂံဟိုတယ်သည် ယခုအချိန်တွင် သမဝါယမ၏ ပိုင်ဆိုင်မှုလား၊ ပုဂ္ဂလိက၏ ပိုင်ဆိုင်မှုလားဆိုသည့် အငြင်းပွားဖွယ်များ ပြည်သူများအကြား ဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ ပွင့်လင်းမြင်သာလာသော အစိုးရသစ်လက်ထပ်တွင် သိရှိလိုကြသည့်အတွက် မေးခွန်းများ မေးမြန်းလာကြပါကြောင်း၊ မြေအကျယ်အဝန်း ၂ ဧကခွဲရှိသော ညောင်ဦးမြို့နယ်ရှိ ပုဂံဟိုတယ်သည် ဧရာဝတီမြစ်ကမ်းနဘေးတွင်ရှိပြီး မြန်မာမှု အနုပညာများဖြင့် မြန်မာဆန်ဆန်ပြု လုပ်ထားသော နိုင်ငံခြားသားများ နှစ်ခြိုက်သည့် အောင်မြင်ခဲ့သော ဟိုတယ်ကြီးတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် သမဝါယမအသင်း သားများနှင့် ဒေသခံများသည် ဟိုတယ်ကို မည်သူက ပိုင်ဆိုင်နေသည်ဟူသော သတင်းစကားများကြောင့် သံသယများ ဖြစ်ပေါ်နေပါကြောင်း၊ လက်ရှိပိုင်ဆိုင်မှုသည် သမဝါယမအသင်းပိုင် မဖြစ်တော့ပါက မည်သူ့ထံကို ပြင်ပပေါက်ဈေးနှင့် လျော်ညီစွာ ရောင်းချခဲ့ခြင်းတို့ကို ပွင့်လင်းမြင်သာစွာ ပြည်သူများနှင့် အသင်းသားများကို အသိပေးသင့်ပါကြောင်း၊ ထို့ကြောင့် ညောင်ဦးမြို့နယ်ရှိ သမဝါယမအသင်းစုက ပိုင်ဆိုင်ခဲ့သော ပုဂံဟိုတယ်ကို ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းလဲသည်ဆိုပါက မည်သည့်မူဘောင်အနေဖြင့် ပွင့်လင်းမြင်သာ စွာပြောင်းလဲရောင်း ချခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။