(က)-၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင်သောက်သုံးရေ ရရှိရေးအတွက်စက်ရေတွင်းနှင့်သောက်သုံးရေကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ဇွန်လတွင် စတင်ကောင်အထည်ဖော် ဆောင် ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ကမ္ဘာကြီးပူနွေးလာမှုကြောင့် တစ်နှစ်ထက်တစ်နှစ် အပူချိန်ပိုမိုမြင့်မားလာမှုများနှင့်အတူ မိမိတို့နိုင်ငံတွင်လည်း မနှစ်က နွေရာသီ၌ အချို့သော ကျေးရွာရပ်ကွက်များတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် တပ်မတော်နှင့် လူမှုရေးအဖွဲ့အစည်းအချို့က ရေကားများကို အရေးပေါ်သုံးပြီး သောက်သုံးရေ ဖြန့်ဝေမှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့ရပါကြောင်း၊ လာမည့်နှစ်များတွင် ယင်းကဲ့သို့မဖြစ်စေရန် ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ယခုမိုးမကျမီ သောက်သုံးရေကန်များ တူးဖော်ထားခြင်းဖြင့် တစ်နှစ်ကြိုပြီး ပြည်သူများ ရေလုံလောက်စွာ သုံးစွဲခံစားခွင့် ရရှိမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် မြေပြင်၌ စက်ရေတွင်းနှင့် သောက်သုံးရေကန် တူးဖော်ခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေကို သိရှိလိုပါကြောင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် စက်ရေတွင်းနှင့် သောက်သုံးရေကန်တူးဖော်ခြင်း လုပ်ငန်းများအနက် သောက်သုံးရေကန် တူးဖော်ခြင်းလုပ်ငန်းများကို လာမည့် ၂၀၁၅ ဇွန်လ မိုးရာသီမတိုင်ခင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။