(င)-အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်း ကျေးရွာ ရှိ ချောင်းကူး တံတားအား အသစ်ပြန် လည် တည်ဆောက် ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ် လျဉ်းသည့် မေးခွန်း
အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာရှိ ချောင်းကူးတံတားသည် မိုးရာသီတွင် မိုးများအဆက်မပြတ် ရွားသွန်းခြင်းများ၊ အင်းကွင်းကရေများ၊ ခပေါင်းဆည်ကရေများမှ ကျလာသည့်အတွက် ချောင်းကမ်းပါးများ ပြိုပြီး တံတားထပ်တွင် တော်တော်ပြိုကျနေပါကြောင်း၊ တံတား၏အနေအထားမှာလည်း တော်တော်ပျက်စီး နေပြီး စစ်တောင်းမြစ်ရေကြီးသည့် အခါတွင် တံတားအထက် (၃)ပေလောက်မြင့်ပြီး ရေကြီးနေပါကြောင်း၊ ထို့ကြောင့် အသက်အန္တရာယ်လည်း စိုးရိမ်နေရပါကြောင်း၊ ၎င်း တံတားသည် လှေဆွဲမြောင်း၏ ဂွေ့ကြီး၊ စမွတ်ကျေး ရွာ၊ ချောင်းကျိုးကျေးရွာတို့မှစပြီး အိမ်ထောင်စု ၈၀၀ နှင့် အိမ်ထောင်စု ၅၀၀၀ ကျော် သည် နေ့စဉ်နှင့် အမျှ ဖြတ်သန်းသွားလာပြီး ကျောင်းသားကျောင်းသူများလည်း သွားလာနေကြသည့် တံတားဖြစ်သည့် အပြင် တစ်ဖက်ကမ်းတွင်ရှိသော ထန်းတပင်မြို့နယ်ရှိ ပြည်သူများလည်း စီးပွားရေးအအရ ရောင်းဝယ်ဖောက် ကားရသည့် တံတားလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တံတားကို တည်ဆောက်ပေးမည်ဆိုလျှင် ပေ ၈၀၊ အကျယ် ၁၅ ပေ၊ အနက် ပေ ၂၀ ခန့်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အုတ်တွင်းမြို့နယ် မြက်နီကွင်းကျေးရွာအုပ်စု လှေဆွဲမြောင်းကျေးရွာရှိ တံတားအား အသစ်ပြန်လည် ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုပြင် ပေးမည်နည်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။