(စ)-ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာချင်းဆက်မြေ သားလမ်းနှင့် အလယ်မြောင်တံတား၊ အောင်မြင် ကုန်းကျေးရွာရှိ တံတားတို့သည်ပျက်စီးနေပါသဖြင့် မည်သည့်အချိန်တွင် ပြန်လည်ပြုပြင်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ကျောက်တံခါးမြို့နယ်၊ အင်းပတ်လည်ကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ စစ်ဗိုလ်ကြီးကျေးရွာ၊ အောင်မြင်ကုန်း ကျေးရွာ၊ ဖိုးသောင်ကုန်းကျေးရွာ၊ အလယ်မြောင်ကျေးရွာ၊ အင်းဖြောင့်ကျေးရွာ၊ မှန်ချောင်းကျေးရွာနှင့် အင်းရွာသို့ ဆက်သွယ် ထားသော မြေသားလမ်းနှင့် အလယ်မြောင်တံတား၊ အောင်မြင်ကုန်း ကျေးရွာရှိ တံတားတို့သည်  ပျက်စီး နေပါသဖြင့် မည်သည့်အချိန်တွင် ပြန်လည်ပြုပြင်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒေါက်တာ ခင်မောင်ဆွေ( ကျောက်တံခါးမဲဆန္ဒနယ်) (1373)ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဒေသ၊ အင်းပတ်လည်ကျေးရွာ၊ ကြို့ကုန်း ကျေးရွာ၊ စစ်ဗိုလ်ကြီး ကျေးရွာ၊ အောင်မြင် ကုန်းကျေးရွာ၊ ဖိုးသောင်ကုန်းကျေးရွာ၊ အလယ်မြောင် ကျေးရွာ၊ အင်းဖြောင့် ကျေးရွာ၊ မှန်ချောင်းကျေးရွာနှင့် ဖားလုံဒေသ အင်းရွာသို့ ဆက်သွယ်သော လမ်းမကြီးသည် အရှည် ၂၁၇၈၀ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၄ ပေရှိ မြေသားလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုးတွင်းကာလတွင် ဗွက်ထခြင်း၊ လမ်းချော်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် အဆိုပါ လမ်းရှိ အလယ်မြောင်တံတားနှင့် အောင်မြင်ကုန်းကျေးရွာရှိ တံတားတို့လည်း  ဟောင်းနွမ်းအသုံးပြု၍ ပျက်စီးလျက်ရှိပါကြောင်း၊ ၎င်းလမ်းမကြီးကို အသုံးပြု၍  မှီသွားလာနေရသော ကျေးရွာပေါင်း ၉ ရွာရှိပြီး လူဦးရေ ၁၀၀၀၀ ခန့်ရှိပါကြောင်း၊  ယခုအခါ ထိုလမ်းမကြီးနှင့် အလယ်မြောင်တံတား၊ အောင်မြင်ကုန်းကျေးရွာရှိ တံတားတို့မှာ နွေမိုးဆောင်းသွားလာ၍ မရနိုင်သည်အထိ ပျက်စီးနေသည်ကို နိုင်ငံတော်မှသိရှိခြင်း ရှိ/မရှိ၊ သိရှိပါက ပြန်လည်ပြု ပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်ပြုပြင်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။