(စ)-မံစီမြို့နယ်ရှိမန်သဲကျေးရွာနှင့်ဟန်ထက်ကျေးရွာ ချင်းဆက်တာပေါင်ရိုးလမ်းတာရိုးဖို့လုပ်ငန်းအားပြင် ဆင်ပံ့ပိုး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ မံစီမြို့နယ်အတွင်းရှိ မန်သဲကျေးရွာနှင့် ဟန်ထက်ကျေးရွာ ရွာချင်းဆက်တာပေါင်ရိုးလမ်းအား ၂၀၁၄-၁၅ ဘဏ္ဍာနှစ်များမှာ ပြုပြင်ပေးရန်မရှိကြောင်းနှင့် တာဘောင်ရိုးလမ်းဖောက်လုပ်ရာတွင် တာဘောင်ရိုး မြေများအား လမ်းဝဲ/ယာမြေ နယ်မြေများမှ တူးဖော်ရန် လယ်မြေပေါ်ဖြတ်သန်းသွားလာမှု လယ်ရှင် များ ခွင့်ပြုပေးရန်လိုအပ်ကြောင်း ပြန်ကြားလာပါတယ်။ အဆိုပါတာဘောင်ရိုးလမ်းကို မန်သဲကျေးရွာ၊ ဟန်ထက်ကျေးရွာ လမ်းခွဲလမ်းအတွက် တာရိုးမြေများအား လမ်းဝဲ/ယာမြေများကို တူးယူရန် လယ်မြေ အပေါ် ဖြတ်သန်းသွားလာမှုများအား အုပ်ချုပ်ရေးမှူးနှင့် လယ်ယာရှင်များ ခွင့်ပြုချက်ပြန်လည်ရရှိပြီး ဖြစ်ပါတယ်။ သို့ပါ၍ မန်သဲကျေးရွာနှင့် ဟန်ထက်ကျေးရွာ တာဘောင်ရိုးလမ်း ပြုပြင်ခြင်းကို မိုးရာသီ မတိုင်မီ အမြန်လိုအပ်လျက်ရှိပါသဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်များမှာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို ဒုတိယဥက္ကဋ္ဌကြီးမှ ထပ်မံတင်ပြမေးမြန်းအပ်ပါတယ်။