(ဃ)-အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရနှင့်နေ့ကျောင်း တက်တက္ကသိုလ်များမှဘွဲ့ရအရည်အချင်းသတ်မှတ် ရာ၌တူညီမှုရှိ/မရှိနှင့်အစိုးရဝန်ထမ်းအလုပ်လျှောက် ထားရာတွင်ခွဲခြားဆုံးဖြတ် သတ်မှတ်ခြင်းများရှိ/မ ရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-20

၁၉၆၇ ခုနှစ်တွင် တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲခဲ့သည့်အတွက် ၁၉၆၄ ခုနှစ်က စတင်ကာ ကျောင်းများကို ပြည်သူပိုင်သိမ်းခဲ့ပါကြောင်း၊  ဆိုရှယ်လစ်စနစ်အရ Human Resource များကို  ကုန်ထုတ်ကိရိယာအဖြစ် သတ်မှတ်ခဲ့ပြီး ကုန်ထုတ်လုပ်မှုတွင် လိုအပ်သော မေဂျာ များကို ထပ်မံခွဲခြားကာ ပညာရေးအဆင့်အတန်းနိမ့်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၇၅ တွင်  ဥပဒေမရှိဘဲ နေ့ကျောင်းတက်သည့် သူများအနေဖြင့် ဒေသ ကောလိပ်တက်ရန်ကို ဆောင်ရွက်ခဲ့သကဲ့သို့  အလုပ်တစ်ဖက်နှင့် ကျောင်းတက်နေကြသူများအတွက် အဝေးသင်တက္ကသိုလ်ဆိုပြီး  ပညာရေးစနစ်ကို ကျင့်သုံးခဲ့ကြပါကြောင်း၊ ၁၉၇၅ ခုနှစ်တွင် ဒေသကောလိပ်တက်ခဲ့သည့်အတွက် လေးနှစ်သင်ရမည့် သင်တန်းကို ဒေသကောလိပ်တွင် နှစ်နှစ်သင်ယူပြီ ပညာရည် အဆင့်အတန်းမမီသော ဘွဲ့ရပညာ မတတ်တွေ မွေးထုတ်ပြီးဖြစ်နေပါကြောင်း။

ထို့အတူ  စာပေးစာယူတက္ကသိုလ်သည်လည်း  အစိုးရ၏ လက်အောက်ခံ၊ ပညာရေးဝန်ကြီးဌာန၏ လက်အောက်ခံ ဖြစ်သော်လည်း  ခွဲခြားဆက်ဆံခြင်းခံရသည့် အဖြစ်များကို သိရှိရပါကြောင်း၊ ထို့ပြင် ၁၉၉၃ တွင် ဆယ်တန်းအောင်သူများအနေဖြင့် ၂၀၀၀ ခုနှစ်ရောက်မှ ဘွဲ့ရသည့်အဖြစ်များကိငု ကြုံတွေ့ခဲ့ ပါကြောင်း၊ လေးနှစ်တက်ရမည့် ဘွဲ့ကို ခုနစ်နှစ် တက်ရောက်ပြီးနောက် Master ကို ထပ်မံပြီး  Ph.D ဘွဲ့ကို တက်ရောက်သည့်အချိန်တွင် ၁၀ နှစ်ကျော်နေပြီးဖြစ်သော်လည်း ကျူတာ(Demostrater)ခေါ်သည့် အချိန်တွင် အသက်ကိုလျော့ပေါ့ မစဉ်းစားခဲ့သည့်အတွက် စာရင်းစစ်ဝင်လုပ်ရသော ကျောင်းသူ ကျောင်းသားများရှိပါကြောင်း၊  ထိုကဲ့သို့ တိုင်းပြည်၏ စနစ်ကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် Carrier အပေါ်ကျူနတီတွင်  အခက်အခဲများကြုံတွေ့ခဲ့ရပါကြောင်း။

အဝေးသင်တက္ကသိုလ် ဘွဲ့ရများနှင့်  နေ့ကျောင်းတက့် တက္ကသိုလ်ဘွဲ့ရ‌များကို အရည်အချင်းသတ်မှတ်ရာ တွင် တူညီမှုရှိ/မရှိ၊ အစိုးရအလုပ်များ လျှောက်ရာတွင် အ‌ဝေးသင်တက္ကသိုလ်မှဘွဲ့ရများ အကျုံးဝင်မှုရှိ/မရှိ၊ နေ့ကျောင်းတက်တက္ကသိုလ် ဘွဲ့ရများနှင့် ခွဲခြားသတ်မှတ်ဆုံးဖြတ်ခြင်းများရှိ/မရှိ၊ နောက်တစ်ခု ခွဲခြားဆုံးဖြတ်သတ်မှတ်ခြင်း ခန့်ထားခြင်းပြုလုပ်ပါက အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရသူများနစ်နာ ဆုံးရှုံးမှုမဖြစ်စေရေးအတွက် စီမံဆောင်ရွက်ထားမှုများရှိ/မရှိနှင့် မည်သို့ပြုပြင်ဆောင်ရွက်သွားမည့် အစီ အမံများရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။