(င)-နိုင်ငံ့ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားစေရန် အတွက်အတွေ့အကြုံရှိဝန်ထမ်းများအားအခြားနိုင်ငံ များနည်းတူနိုင်ငံတော်၏အကျိုးအတွက်ဝန်ထမ်းများ ၏သက်တမ်းတိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-20

မိမိအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်တမ်း တစ်နည်းအားဖြင့် ဝန်ထမ်းလုပ်သက် ကို သက်တမ်း တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပတ်သက်၍ သိရှိလိုပါကြောင်း၊  မိမိတို့ နိုင်ငံအနေဖြင့် ယနေ့ အခြေအနေတွင် လူမှုစီးပွားအခြေနေအရပ်ရပ်က တိုးတက်လာပြီဖြစ်သောကြောင့်  နိုင်ငံဝန်ထမ်းများ၏ သက်တမ်းကို တိုးမြှင့်ပေးရန် မည်သို့ စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။