(က)-ပြည်ထောင်စုရှေ့နေချုပ်ရုံးမှလွှတ်တော်သို့ပေး ပို့ရန် ပြုစုနေသောဥပဒေကြမ်းမည်မျှရှိ၍၎င်းဥပဒေ ကြမ်းများ၏ အမည်များကိုသိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း
2020-12-20
မိမိတို့ လွှတ်တော်သည် ၂၀၁၁ ခုနှစ်တွင် ဥပဒေပေါင်း ၁၅ ခု၊ ၂၀၁၂ ခုနှစ်တွင် ဥပဒေပေါင်း ၂၄ ခု၊ ၂၀၁၃ ခုနှစ်တွင် ဥပဒေပေါင်း ၃၇ ခု၊ ၂၀၁၄ ခုနှစ်တွင် ဥပဒေပေါင်း ၅၇ ခု၊ ၂၀၁၅ ခုနှစ်တွင် ၁၁-၄-၂၀၁၅ ရက်နေ့အထိ ဥပဒေပေါင်း ၂၆ ခု စုစုပေါင်း ၁၁-၄-၂၀၁၅ ရက်နေ့အထိ ဥပဒေပေါင်း ၁၅၉ ခုကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင်လည်း ဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် စိစစ်ဆွေးနွေး ဆောင်ရွက်လျက်ရှိကြပါကြောင်းနှင့် ထပ်မံရောက်ရှိလာမည့် ဥပဒေများကိုလည်း စိစစ်ဆွေးနွေး အတည်ပြုနိုင်ရန်အတွက် လွှတ်တော်က အသင့်ဖြစ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ လွှတ်တော်သို့ပေးပို့ရန် ပြုစုနေသောဥပဒေကြမ်း မည်မျှရှိသည်နှင့် ၎င်းဥပဒေကြမ်းများ၏ အမည်များကို သိရှိလိုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။