(င)-ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိနေသည့် သက်တမ်း ကြာမြင့်နေသော ရေယာဉ် များအား စံချိန်ပြည့်မီသည့်ရေယာဉ် အသစ်များဖြင့်အစား ထိုးပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

မတ်လ ၁၃ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်ခြင်းကို နမူနာထား၍ အခြားကိစ္စရပ်များတွင်လည်း ပြဿနာတစ်ရပ်ပေါ်ပေါက်ပြီးမှ ဖြေရှင်းဆောင်ရွက်ခြင်းထက် ပြဿနာ မဖြစ်စေရန် ကြိုတင်စီမံဆောင်ရွက်ခြင်းမှာ အရေပါသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အသက်များ အပါအဝင် အခြားကြီးမားတဲ့ဆုံးရှုံးမှုများ မဖြစ်ပေါ်ပြီးစေရန် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ မေးခွန်း(၁) ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိနေသည့် ၃၀ ကြာမြင့်နေပြီးဖြစ်သော တရုတ်ပြည်ထုတ် ကမ်းရိုးတန်းသွားရေယာဉ်များအား စံချိန်ပြည်‌့မီ ရေယာဉ်အသစ်များဖြင့် အစားထိုးပေးရန် အစီအစဉ်ရှိ/မရှိ၊ မေးခွန်း(၂) ပုဂ္ဂလိကပိုင်အမြန်ယာဉ်၊ ရှပ်ပြေးယာဉ်များနှင့် အစိုးရပိုင်ကမ်းရိုးတန်းသွား ရေယာဉ်များအား ခရီးပေနှင့် ကုန်ပစ္စည်းအလေးချိန်များ အလွန်အကျွံပိုတင်ဆောင်ခြင်းများကို စနစ်တကျစီစဉ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် စီမံထားမှုများ၊ အသက်ကယ်အင်္ကျီအပါအဝင် အရေးပေါ်အခြေအနေရှိပါက သင်္ဘောမှထွက်ခွာနိုင်ရန် အစီအစဉ် ထားမှုများ ခရီးသည်များအား ရေယာဉ်များနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ကြိုတင်အသိ ပေးခြင်းများ၊ ညွှန်ကြားချက်များ ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။