(ခ)-ချင်းပြည်နယ် (၅) မြို့နယ်တွင် အိန္ဒိယမှစေတ နာရှင်များ ၏ အကူအညီဖြင့် ဆေးပေးခန်း အဖြစ် တည်ဆောက်ပေးခဲ့သော အဆောက်အဦကိုမည် သည့်အချိန်တွင်စတင်အသုံးပြုမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိတို့မြို့နယ်တွင် အိန္ဒိယနိုင်ငံမှ စေတနာအလှူရှင်များက ဆောက်လုပ်ပေးသော ဆေးပေးခန်းဟု အမည်တပ်ထားသည့် အဆောက်အဦကို ကျေးရွာ တစ်ရွာတွင် ဆောက်လုပ်ထားရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်ဆုံးပိုင်းတွင် အဆိုပါ အဆောက်အအုံ ပြီးစီးခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ မည်ကဲ့သို့သုံးစွဲမည်၊ မည်သည့်အတွက်ဖြစ်သည်ကို သိရှိရခြင်း မရှိသေးပါကြောင်း၊ ထိုကဲ့သို့သော အဆောက်အဦများကို မိမိတို့ ဖလမ်းမြို့နယ်တွင်သာမက ချင်းပြည်နယ် မြောက်ပိုင်း(၅)မြို့နယ်တွင်လည်း တည်ဆောက်ထားရှိသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါအဆောက်အဦများကို မူလရည်ရွယ်ချက်ဖြစ်သော ဆေးပေးခန်းအဖြစ် ပြောင်းလဲပေးနိုင်ခြင်းရှိ/မရှိ၊ ဖလမ်းမြို့နယ်ရှိ ရာလ်လောန်းရွာနှင့် ခေါလုံရွာတို့တွင် တည်ဆောက်ခဲ့သော အဆိုပါအဆောက်အဦများသည် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ရန်အတွက် အသင့်တော် ဆုံးနေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးရွာပြည်သူ လူထု၏ မျှော်လင့်ချက်နှင့်အညီ အဆိုပါအဆောက်အဦ များကို ကျန်းမာရေးစောင့်ရှောက်မှုဌာနအဖြစ် ပြောင်းလဲပေးနိုင် ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။