(ဂ)-မြဝတီမြို့အတွင်းအဓိကရေနုတ်မြောင်းမကြီးများ ကိုပြည်ထောင်စု အစိုးရဘတ်ဂျက်ဖြင့် စီမံဆောင် ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မြဝတီနယ်စပ်ရှိ သောင်းရင်းမြစ်ရေသည် ၂၀၁၃ ခုနှစ်တွင် အမြင့်ဆုံးတက်ခဲ့ပြီး ရေကြီးခဲ့သည့် ကရင်ပြည်နယ် ၇ မြို့နယ်အနက်မှ အဆိုးရွားဆုံးဖြစ်ခဲ့ပါကြောင်း၊ လေ့လာတွေ့ရှိမှုအရ ၂၀၁၃ ခုနှစ်တွင် မြဝတီ၊ ၂၀၁၄ ခုနှစ် တာချီလိတ်စသည့် နယ်စပ်မြို့များတွင် ရေကြီးရေလျှံမှုများဖြစ်ပြီး နယ်စပ်မြစ်အဖြစ် စီးဆင်းသောမြစ်ကို တဖက်နိုင်ငံမှ ဖိဖိစီးစီးဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ တစ်ဖက်နိုင်ကဲ့သို့ မြစ်ကျောင်းပေါ်တွင် ထိန်းချုပ်ဆောင်ရွက်နိုင်မှုမရှိသေးမီ မိမိ၏မြေပေါ်တွင် ဆောင်ရွက်နိုင်သည့် ရေနုတ်မြောင်းများ ကောင်းမွန်ရေး ဖြစ်ကြောင်းတွေ့ ရှိရပါသည်။ ရေနုတ်မြောင်းများကို မြို့နယ်စည်ပင်၏ ဘတ်ဂျက်၊ ပြည်နယ်အစိုးရ၏ ဘတ်ဂျက်နဲ့ ဆောင်ရွက်နိုင်ခြင်း မဟုတ်သည်ကို လည်း တွေ့ရှိလာပါကြောင်း၊ သို့ဖြစ်ပါ၍ မြဝတီမြို့အတွင်းရှိ အဓိကရေနုတ်မြောင်းများကို ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ပြန်လည်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလတွင် အကောင်အထည်ဖော် ဆောင် ရွက်ပေး မည်နည်း၊ မရှိပါကလည်း အဘယ်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။