(ခ)-စတုတ္ထတန်းနှင့်အဋ္ဌမတန်းတို့ကိုစစ်ဆေးခြင်း သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းသား/သူများ ၏ ကြိုးစားအားထုတ်မှုကိုတိုးတက်စေပြီးပညာရေး စနစ်မြှင့်တင်ရေး အတွက် အထောက်အကူပြု၊ မပြု သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-20

ဦးကြင်သိန်း(ပဲခူး မဲဆန္ဒနယ်)အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်တို့က ကြီးကြပ်ပြီး စစ်ဆေးခဲ့ပါကြောင်း၊ ယခုဖြစ်စဉ်သည် ပထမအကြိမ် အတွေ့အကြုံဖြစ်သည့်အတွက် ကျရှုံးသည့် ကျောင်းသားကျောင်းသူများကို ၂၀၁၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပြန်၍ကုစားသင်ကြားပြီး ပြန်လည်စစ်ဆေးခဲ့ပါကြောင်း၊ ယခုအချိန်တွင် အောင်စာရင်းများ ထုတ်ပြီးဖြစ်ပါကြောင်း၊ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ ပုံစံပြောင်းစစ်ဆေးခြင်းသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှုကို တိုးတက်စေပြီး ပညာရေးစနစ် မြှင့်တင်ရေးအတွက် အထောက်အကူပြု/မပြု သိရှိလိုကြောင်း မေးမြန်းပါသည်။