(င)-မိုးမောက်မြို့နယ်၊မန်နောင်ကျေးရွာမှအခြေခံပ ညာအထက်တန်းကျောင်းခွဲအားအထက်တန်းကျောင်း အဆင့်တိုးမြှင့်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း
2020-12-20
မန်နောင်ကျေးရွာအုပ်စုသည် အိမ်ခြေ ၁၀၀၀ ကျော်ဝန်းကျင်ရှိပြီး အ.ထ.က ကျောင်းရှိသည့် မြို့သစ်ကျေးရွာနှင့် ၁၂ မိုင်ခန့် ဝေးပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲသည့်အတွက် မိုးမောက်မြို့နယ် မန်နောင်ကျေးရွာမှ အခြေခံပညာအထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။