(ဃ)-သီပေါမြို့နယ် ပညာရေးမှူးရုံးအ ဆောက်အ ဦ ဆောက် လုပ်နိုင် ရေး ဝန် ကြီး ဌာနအချင်းချင်း ညှိနှိုင်းဆောင် ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း
သီပေါမြို့နယ် ပညာရေးမှူးရုံးသည် အ.လ.က (ခွဲ) မ-၁ ကျောင်းဝင်းအတွင်း တည်ရှိပြီး နောင်အနာဂါတ် ကာလတွင် ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းသား ဦးရေတိုးတက်များပြားလာခြင်းများ ဖြစ်ပေါ်လာပါက ကျောင်းဆောင်များ တိုးချဲ့ရမည့်အနေအထားများရှိခြင်း၊ မြေနေရာ ကျဉ်းမြောင်းခြင်းကြောင့် မြို့နယ် ပညာရေးမှူးရုံးနှင့်ဝန်ထမ်းအိမ်ရာများဆောက်လုပ်ရန် သက်ဆိုင်ရာရပ်ကွက်၊ ကျောင်းသာမိဘများနဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့က ကန့်ကွက်လျက်ရှိခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့အစည်းဝင်တို့ ဆွေးနွေး တိုင်ပင်ပြီး ကုန်သွယ်လယ်ယာဂိုဒေါင်ကွင်း ကွက်အမှတ် ၉၊ ဦးပိုင်အမှတ် ၂၇(က) မြေဧရိယာ ၁.၀၈၈ ဧကပေါ်တွင်လျာထားသတ်မှတ်ထားရှိကာ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းသို့ တင်ပြသွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ထို့နောက် မြေနေရာကို ကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး မြို့နယ်စီမံခွဲရေးကော်မတီ အစည်းအဝေးအမှတ် ၃၁/၂၀၁၄ ဆုံးဖြတ်ချက် အပိုဒ်(စ)အရ မြို့နယ်ပညာရေးမှူးရုံးဆောက်လုပ်ရန် မြေနေရာကို ဝ.၃၆၈ ဧကသာ ရရှိနိုင် မည်ဖြစ် ကြောင်းနှင့် လွှဲပြောင်းသုံးစွဲခွင့်ရရှိရေးအတွက် အထက်ဌာန အဆင့်ဆင့်သို့တင်ပြ ဆောင်ရွက်ထား သည်ဟု သိရှိရသည့်အတွက် အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်းထားရှိမှု အခြေအနေကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။