(ဆ)-ရေစကြို မြို့နယ်၊ကျေးလက်ဒေသများရှိ ပညာရေးဌာနဝန်ထမ်းအပြောင်းအရွှေ့များအတွက် လစ်လပ်နေ ရာများကို မြန်ဆန်စွာအစားထိုးခန့် ထားပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
ရေစကြိုမြို့နယ်ရှိ ကျောင်းအသီးသီးတွင် ပညာရေးဝန်ထမ်းများ ပြောင်းရွှေ့ပြီးနောက် လစ်လပ်နေရာများ ပြန်လည်ခန့်ထားပေးသည့် အချိန်သည် ကြာမြင့်နေသည့်အတွက် ကျောင်းတစ်ချို့ အနေဖြင့် အခက် အခဲများစွာ ကြုံတွေ့နေရသည်ကို သိရှိပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ထမ်းအပြောင်း အရွှေ့များ အတွက် လစ်လပ်နေရာများကိုမြန်ဆန်စွာ အစားထိုးနိုင်ရန် မည်ကဲ့သို့ စီစဉ်နေပါသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။