(င)-ကျောက်တံခါးမြို့နယ်အတွင်းရှိသူဌေးကုန်း -တောင်ခင်-အလှိုင်-ငဖယ်အင်း-စစ်တောင်းတာ လမ်းမကြီးသည်မြေသားလမ်းဖြစ်ပြီးမိုးတွင်းကာလ တွင်လမ်းချော်ခြင်းများဖြစ်ပေါ်နေပါသဖြင့်မည်သည့် အချိန်တွင် ပြန်လည်ပြု ပြင်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တောင်ခင်ကျေးရွာအုပ်စု တောင်ခင်ကျေးရွာ၊ လေးအိမ်စုကျေးရွာ၊ အလှိုင်ကျေးရွာ၊ နွားရေချောင်းကျေးရွာ၊ ကြိတ်ခင်းကျေးရွာ၊ ဘုရားငုတ်တိုကျေးရွာနှင့် လက်ခံစုကျေးရွာအုပ်စု လက်ခံကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ငဖယ်အင်းကျေးရွာ၊ ကျောက်ဆစ်ကျေးရွာကို ဆက်သွယ်ထားသော သူဌေးကုန်း-အလှိုင်-ငဖယ်အင်း-စစ်တောင်းတာ လမ်းမကြီးသည် အရှည်အားဖြင့် (၇)မိုင် (၂)ဖာလုံ၊ အကျယ် ၁၀ ပေ၊ အမြင့် ၉ လက်မရှိပါကြောင်း၊ ၎င်း လမ်းမကြီးသည် မြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလတွင် ဗွက်ထခြင်း၊ လမ်းချော်ခြင်းများ ဖြစ်ပေါ်ပါကြောင်း၊ ထိုလမ်းမကြီးကိုအသုံးပြု၍ ပြည်သူလူထုနှင့် ကျောင်းသား/သူများ သွားလာရေးအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ လမ်းမကြီးကို ကျေးရွာပေါင်း ၁၀ ရွာ၊ အိမ်ခြေပေါင်း ၁၃၆၂ အိမ်ရှိပြီး လူဦးရေမှာ ၇၇၇၅ ဦးခန့်ရှိပါသည်။ ထိုကျေးရွာပေါင်း ၁၀ ရွာတွင် ကရင်တိုင်းရင်းသား တောင်သူလယ်သမားအများစု မှီတင်းနေထိုင်ကြပြီး ၎င်းလမ်းမကြီးကိုသာ အဓိကထား၍ အသုံးပြုနေရပါကြောင်း၊ ထို့အပြင် စစ်တောင်းမြစ်တစ်ဖက်ကမ်းရှိ ကျွန်းကြီးသုံးရွာနှင့် အနီးနားရွာပေါင်း ခုနစ်ရွာမှ ပြည်သူများကလည်း လက်ခံကူးတို့ကနေတစ်ဆင့် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းမသို့ အချိန်တိုအတွင်းရောက်အောင် သွားနိုင်ပါကြောင်း၊ ယခုအခါ ထိုလမ်းမကြီးသည် နွေ၊ မိုး၊ ဆောင်း သွားလာ၍ မရလောက်အောင် ပျက်ဆီးနေသည်ကို နိုင်ငံတော်မှ သိရှိခြင်းရှိ/မရှိ သိရှိပါက ပြန်လည်ပြုပြင်ပေးမည့် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။