(စ)-အုတ်ဖိုမြို့နယ်ရှိအေးမြသာယာ-ရေတာ-ဂုံညှင်း တန်း-ကဝေစု-ဆီဆုံကုန်း-ငှက် ပျောတောကျေးရွာ ချင်းဆက်လမ်းအား ဂဝံလမ်းအဖြစ်အဆင့်မြှင့်တင် ခင်းပေးရန်နှင့်တံတားပျက်(၄)စင်းအားပြု ပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
အုတ်ဖိုမြို့နယ်ရှိ အေးမြသာယာမြို့သစ်နှင့် အခြားကျေးရွာများကို ဆက်သွယ်ထားသော အေးမြ သာယာ-ရေတာ-ဂုံညှင်းတန်း-ကဝေစု-ဆီဆုံကုန်း-ငှက်ပျောတောကျေးရွာ ချင်းဆက်လမ်းမကြီး သည် အရှည် ၄.၅ မိုင်ရှည်လျားပြီး ၎င်းလမ်းမကြီးပေါ်ရှိ အရှည်ပေ ၂၀ ရှိ တံတားလေးစင်းသည် လည်း ပျက်စီးလျက်ရှိပါကြောင်း၊ အထက်ဖော်ပြပါ ကျေးရွာခြောက်ရွာတွင် လူဦးရေ ၆၄၅၀ ဦး နေထိုင်လျက်ရှိပြီး အ.မ.ကကျောင်း ငါးကျောင်းမှ ကျောင်းသားကျောင်းသူများအနေဖြင့် အ.ထ.က အေးမြသာယာကို သွားလာအသုံးပြုသော လမ်းဖြစ်ခဲ့သော်လည်း ယခုအခါ အဆိုပါလမ်းနှင့် တံတားများ ပျက်စီးနေခြင်းကြောင့် အခြားဝေးလံသောကျောင်းများသို့ သွားရောက် ပညာ သင်ကြားနေရပါကြောင်း၊ ထိုကြောင့် ကျောင်းသားကျောင်းသူများ အဆင်ပြေပြီး ဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေးမြသာယာ-ရေတာ-ဂုံညှင်းတန်း-ကဝေစု-ဆီဆုံ ကုန်း- ငှက်ပျောတော ကျေးရွာများသို့ ဆက်သွယ်ထားသော အရှည် ၄.၅ မိုင်လမ်းမကြီးကို ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းပေးရန်နှင့် တံတားလေးစင်းကြီးတို့အား တတ်နိုင်သမျှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။