(ခ)-လက်ပံတန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ရုံးဖွင့်လှစ်ထားသော အဆောက်အဦ၊ဆိုင်ခန်းနှင့်အဆောက်အဦဆောက် လုပ်ထားသောနှစ်(၃၀)မြေငှားဂရန်စာချုပ်သည်ဒေါ် စန်းမြင့်ပိုင်ဟုတ်မဟုတ် သိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-21

ဦးကျော်မင်း (လက်ပံတန်း)ဒေါ်စန်းမြင့်(ဘ)ဦးစိန်မော်ပိုင်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ AC 010808 ကိုင်ဆောင်သူ အမှတ်(၃)၊ (၁)လမ်း၊ လက်ပံတန်းမြို့နေ နေအိမ်နှင့်ဆိုင်ခန်းနှစ်ခန်းကို ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်းဥပဒေအရ ပြည်သူပိုင်ပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းအဆောက်အအုံနှင့် ဆိုင်ခန်းနှစ်ခန်းကို ပြည်သူပိုင်ဆိုင်ခန်းအဆောက်အအုံ လွှဲပြောင်းပေးရေး အဖွဲ့၏ ၁၇-၇-၁၉၇၇ နေ့စွဲပါ (၅၁)ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ မူလပိုင်ရှင် ဒေါ်စန်းမြင့် လက်ဝယ်ကို တရားဝင်ပိုင်ဆိုင်ခွင့်ကို ၂၁-၂-၁၉၇၇ ရက်နေ့မှာ ပြန်လည်လက်ရောက် လွှဲပြောင်း ပေးခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အဦကို ၂၁-၁၂-၁၉၇၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆေးနှင့်ဆေးပစ္စည်း ကုန်သွယ်ရေး ကော်ပိုရေးရှင်းနှင့် အဆောက်အဦပိုင်ရှင် ဒေါ်စန်းမြင့်တို့ နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုပြီးငှားရမ်းခဲ့ကြပါကြောင်း၊  စာချုပ်အရ  ယင်းဆိုင်ခန်းနှင့်အဆောက်အဦကို ဆက်လက်အသုံးပြုရန် မလိုတော့သည့်အချိန်မှ တရားဝင် ပိုင်ဆိုင်ခွင့်ရှိသည့်သူသာလျှင် ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အသိသက်သေများရှေ့မှောက်တွင် နှစ်ဦးသဘောတူစာချုပ် လက်မှတ် ရေးထိုးကြပါကြောင်း၊

ယနေ့အချိန်ထိ အဆိုပါအဆောက်အဦသည် မူလလက်ဝယ်ပိုင်ရှင်ထံ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ အသုံးမပြုချိန်တွင် ပြန်လည်လွှဲပြောင်းပေးမည့် ကတိကိုလည်းကျော်လွန်နေပြီ ဖြစ်သည့်အတွက်  ထိုအဆောက်အဦသည် ဒေါ်စန်းမြင့်ပိုင်ဆိုင်ခြင်း ဟတု်/ မဟုတ်၊ အနှစ်(၃၀) မြေဂရန်စာချုပ်သက်တမ်းတိုး ထားခြင်းကြောင့် ဂရန်သည်လည်း ဒေါ်စန်းမြင့်ပိုင် ဟုတ်/မဟုတ်သိရှိလိုပါကြောင်းမေးမြန်းပါသည်။