(ခ)-ရသေ့တောင်မြို့နယ်(ရေမျက်)အခြေခံပညာမူလ တန်း(လွန်)ကျောင်းအား၂၀၁၅-၁၆ခုပညာသင်နှစ် တွင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့် တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊မရှိသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
2020-12-20
ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ကျင်းပသည့် အစည်းအဝေးတွင် ၂၀၁၅ ခုနှစ် မတ်လအတွင်းက မေးခဲ့သည့် မေးခွန်းဖြစ်ပါကြောင်း၊ ယခုအခါ ၂၀၁၅-၁၆ ပညာသင်နှစ် ဇွန်လအတွင်း ရသေ့တောင်မြို့နယ်(ရေမျက်) အခြေခံပညာမူလတန်း (လွန်)ကျောင်းအား အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)အဆင့် တိုးမြှင့်ပေးထားပြီဖြစ်ကြောင်း သိရှိရသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဒုတိယမေးခွန်းတစ်ခုက ကျောင်းအဆင့်တိုးချဲ့ဖွင့်လှစ်ရရှိရေးအား နှစ်စဉ်နှစ်တိုင်း ကျေးရွာများမှ အဆိုပြုလွှာစာအုပ် တင်ပြနေရခြင်းမှာ ငွေကုန်ကြေးကျများပါသဖြင့် တစ်နှစ်လျှောက်ထားပြီးပါက ခွင့်ပြုချက်မရမခြင်း ၎င်းအမှုတွဲစာအုပ်များ ကို နှစ်စဉ်နှစ်တိုင်း ထည့်သွင်းစဉ်းစားပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။