(ဂ)-၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပုဗ္ဗသီရိမြို့နယ် အတွင်းကျေးရွာ(၁၄)ရွာတွင်လျှပ်စစ်မီးလင်းရေးလုပ် ငန်းများ ဆောင်ရွက်ရန်ကျပ်သန်းပေါင်း(၂၆၇.၆၈၀ သန်း)ကိုနိုင်ငံတော်အစိုးရမှစိုက်ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီမှ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈ ရွာအတွက် လျှပ်စစ်မီးလင်းရေးလုပ်ငန်း လျာထားငွေ ကျပ်သန်းပေါင်း ၇၉၂.၀၈၀ သန်း ခွင့်ပြုရန်တောင်းခံထားပြီး ကျေးရွာလေးရွာအတွက် ဆိုလာလျှပ်စစ်မီး လုပ်ငန်းကို ကျပ်သန်းပေါင်း ၈၄.၈၀၀ သန်း တောင်းခံထားပြီး ကျန် ၁၄ ရွာကို ၁၁ ကေဗွီအေ ဓါတ်အားလိုင်းများ တည်ဆောက်ရန် တင်ပြတောင်းခံထားသည်မှာ ၇၀၇.၂၈၀ သန်းကို ငွေလုံးငွေရင်းအသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုထားပြီး ဖြစ်သော်လည်း ဖော်ပြပါကျေးရွာများသို့ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားရောက်ရာတွင် ဒေသခံတောင်သူများထံမှ ကျပ်သန်းပေါင်း ၂၆၇.၆၈၀ သန်းကို ကျေးရွာမှ စိုက်ထုတ်ထည့်ဝင်ငွေအဖြစ် ကောက်ခံလျက်ရှိပါကြောင်း၊ ထို့ကြောင့် (၁) နေပြည်တော် ကောင်စီမှ ကျေးရွာဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ကုန်ကျခံ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ (၂) နိုင်ငံတော်အစိုးရမှ ပြည်သူ့ဘဏ္ဍာဖြင့် ရွာထိပ်အရောက် ၁၁ ကေဗွီအေ ထရန်စဖော်မာ ဓါတ်အားခွဲစက်ကို တပ်ဆင်ပေးပြီး ကျန်လုပ်ငန်းများအတွက် ဒေသခံရွာသူရွာသားများမှ စိုက်ထုတ်ကုန်ကျ ခံရမည်ဆိုပါလျှင်လည်း အဆိုပါ ကောက်ခံနေသော ငွေကြေးများသည် ဒေသပေါက်ဈေးများထက် အင်မတန်များပြားနေသည်ကို နေပြည်တော်ကောင်စီမှ သိရှိခြင်းရှိ/မရှိ၊ (၃) ဒေသခံဆင်းရဲနွမ်းပါးသူတောင်သူများမှ မဖြစ်မနေစိုက်ထုတ် ကုန်ကျခံရမည် ဆိုပါလျှင်လည်း ဒေသပေါက်ဈေးအတိုင်း ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် အုပ်ချုပ်ရေးပိုင်းက စီစဉ် ဆောင်ရွက်ခြင်းဖြင့် မဟုတ်ဘဲ ဒေသခံပြည်သူများ၊ မီးလင်းရေးကော်မတီ အစရှိသည်တို့မှ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိတို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။