(င)- တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ နယ်ခွဲနှင့်နောင်ကားကျေးရွာတို့တွင်ဆက်သွယ်ရေး တာဝါတိုင်တစ်ခု အမြန်စိုက်ထူပေးရန်နှင့်စက်တပ် ဆင်ပေးနိုင်ရေးအတွက်မည်သို့စီစဉ်ဆောင်ရွက်ပေး မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ဦးခွန်သိန်းဖေ (ဟိုပုန်း) (ကိုယ်စား) ဦးဝင်းကို (ဆီဆိုင်)
ကျောက်တစ်လုံး ကြီးမြို့နယ်ခွဲသည် တောင်ကြီးမြို့နှင့် ၃၃ မိုင်ကွာဝေးပြီး မြို့ပေါ် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇ အုပ်စု၊ လူဦးရေ ၆၀၀၀၀ နီးပါး နေထိုင်ရာမြို့တစ်မြို့ ဖြစ်ပါကြောင်း၊ ၁၉၉၁ ခုနှစ်တွင် ပအိုဝ်းဒေသ ငြိမ်းချမ်းရေး စတင်အခြေချ အထင်တရမြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ မြို့အင်္ဂါရပ်နှင့် ပြည့်စုံရန် လိုအပ်နေသည်ကိုလည်း များစွာတွေ့ရှိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ကျောက်တစ်လုံးကြီးမြို့၊ မြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်ရှိ အများပြည်သူများ အဆင်ပြေစေရန် နိုင်ငံတော်မှ တာဝါတိုင် စိုက်ထူးပေးရန် အစီအစဉ်ရှိ/မရှိ။ စိုက်ထူပေးပါက မည်သည့် အချိန်တွင် စိုက်ထူပေးမည်နှင့် မစိုက်ထူပေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ (၂) တောင်ကြီးမြို့နှင့် ၁၂ မိုင် ကွာဝေးသော တောင်ကြီမြို့တောင်ဘက် ကျောက်တစ်လုံး ကြီးမြို့နယ်ခွဲ နောင်ကားကျေးရွာတွင် နိုင်ငံတော်မှစိုက်ထူထားသော တာဝါတိုင်သည် ၆ လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့တိုင် စက်တပ်ဆင်ပေးခြင်းမရှိသေးသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် မည်သည့်အချိန်တွင် စက်တပ်ဆင်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။