(စ)-သိန္နီမြို့နယ်ပြည်သူ့ဆေးရုံတွင်လစ်လပ်နေသော လက်ထောက်ဆရာဝန်(၂)ဦးနှင့်သွားဆရာဝန် ပြန် လည် ခန့်အပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-20

ဦးစိုင်းဝင်းခိုင် (သိန္နီ) သိန္နီမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦး၊ လက်ထောက်ဆရာဝန် တစ်ဦး ခွင့်ပြုထားပြီး လက်ထောက်ဆရာဝန်နှစ်ဦးသည် သိန္နီမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံသို့ လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် လပွတ္တာတိုက်နယ်ဆေးရုံသို့်လည်းကောင်း ၂၀၁၄ ခုနှစ် မေလတွင် အသီးသီးပြောင်းရွှေ့သွားခဲ့ပါကြောင်း၊ ထို့ကြောင့် တိုက်နယ်ဆေးရုံမှ တာဝန်ကျသော မိမိတို့မြို့နယ်တွင် နွေအကုန်မိုးဦး၊  မိုးအကုန်ဆောင်းအဝင် ကာလများတွင် ရာသီဥတု ကူးပြောင်းဒဏ်ကြောင့် မထင်မှတ်သော ရောဂါဝေဒနာများ ကျရောက်တက်သည့်အတွက် ဆရာဝန်များလုံလောက်ရန် အမြဲလိုအပ်ပါကြောင်း၊ ထို့အပြင် သိန္နီမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားဆရာဝန်တစ်ဦး ခန့်ထားပေးခဲ့ပြီးဖြစ်ရာ ၂၀၁၄ ခုနှစ် နှစ်ဦးကာလတွင် တခြားဒေသသို့ ပြောင်းရွှေ့ သွားခဲ့ရသည့်အတွက်လည်း ပြည်သူလူထုများသည် သွားကျန်းမာရေးအတွက် ပြင်ပ ဆေးခန်းကိုသာ သွားရောက်ကုသနေရပါကြောင်း၊  ထို့ကြောင့် (၁) သိန္နီမြို့နယ် ပြည်သူ့ဆေးရုံတွင် လစ်လပ်နေသော လက်ထောက်ဆရာဝန်နှစ်ဦး ပြန်လည်ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (၂) လစ်လပ်သွားသော သွားဆရာဝန်ကိုပြန်လည်ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်။  အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်ခန့်အပ်ပေးမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။