(စ)-ဂန့်ဂေါမြို့နယ်အတွင်းရှိအထက်တန်းကျောင်းခွဲ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့်မူလတန်း လွန်ကျောင်းအား၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်အတွင်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-20

ဦးအောင်မြင့် (ဂန့်ဂေါ)ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာရှိ အခြေခံအထက်တန်းကျောင်းခွဲသည် ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၁၇ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည့်အတွက် တက္ကသိုလ်ဝင်တန်းစာစစ်ဌာနလည်းရှိ၍ အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသူ/သားများ အားကိုးအားထားပြုနေကြရသည့် ကျောင်းလည်းဖြစ်သည့်အတွက် အစိုးရအထက်တန်းကျောင်းအဖြစ် လည်းကောင်း၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲကိုလည်း အခြေခံအထက်တန်းကျောင်းအဖြစ်လည်းကောင်း၊  ဂန့်ဂေါမြို့နယ်ရှိ လာဘို့ကျေးရွာ၊ မောက်လင်းကျေးရွာနှင့် နှမ်းခါးကျေးရွာတို့ရှိ အလယ်တန်းကျောင်းခွဲများကိုလည်း အခြေခံပညာ အလယ်တန်းကျောင်းများအဖြစ်လည်းကောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးစေလိုပါကြောင်း။

ဘော်ပြင်းကျေးရွာရှိ မူလတန်းလွန်ကျောင်းအား အလယ်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ခွင့်ရရှိရန်နှင့် ဂန့်ဂေါမြို့နယ်ရှိ တောင်ခင်ရန်းကျေးရွာနှင့် ဟံသာဝတီကျေးရွာတို့ရှိ အထက်တန်းကျောင်း ခွဲများအား အခြေခံပညာ အထက်တန်းကျောင်း အဖြစ်လည်းကောင်း၊ လာဘို့ကျေးရွာ၊ မောက်လင်းကျေးရွာနှင့် နှမ်းခါးကျေးရွာတို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲများကို အခြေခံပညာအလယ် တန်းကျောင်းများအဖြစ်လည်းကောင်း၊ ဘော်ပြင်းကျေးရွာရှိ မူလတန်းလွန်ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်းခွဲအဖြစ်လည်းကောင်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။