(ဆ)-လွိုင်လင်မြို့နယ်၊ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ကျူရုံးရွာရှိအခြေခံပညာမူလတန်းကျောင်းအဆောက် အဦသစ်အားမည်သည့်အချိန်တွင်ဆောက်လုပ်ပေး မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင် မြို့နယ် ပင်လုံအရှေ့ကျေးရွာအုပ်စု ကျူရုံးရွာဘုန်းတော်ကြီးကျောင်းတွင် ကျူရုံးရွာမှ ရပ်မိရပ်ဘများကို တွေ့ဆုံခဲ့ရာ ကျူရုံးရွာရှိ အမကကျောင်း အဆောက်အဦသည် အကာအရံများ၊ အခင်းများကောင်းမွန်မှုမရှိဘဲ အလျင်အမြန် ပြု ပြင်ဆောင်ရွက်ပေးနိုင်ပါရန် မိဘပြည်သူများမှ လိုလားပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် ပင်လုံအရှေ့ကျေးရွာအုပ်စု ကျူရုံးရွာအမကကျောင်း အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။