(ဇ)-ရွှေပန်တော်ဦးကုမ္ပဏီမှတင်ဒါရယူဆောက်လုပ် ခဲ့သည့် ရေစကြိုမြို့နယ်ရှိငတရော် ကျေးရွာအလယ် တန်းကျောင်းနှင့်ဝါယာကျေးရွာမူလတန်းကျောင်းတို့ ကိုသတ်မှတ်စံချိန်စံညွှန်းမကိုက်ညီမှုတို့အားမည်ကဲ့ သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း
မိမိတို့မြို့နယ်တွင် ပြည့်လျှံဖြိုးကုမ္ပဏီကတင်ဒါယူဆောက်လုပ်ခဲ့သော မြေတောင် အ.ထ.ကတွင် ရှိသော ပေ ၁၂၀၊ ပေ ၃၀ ကျောင်းဆောင်ကို ချွင်းချက်ရှိခြင်းကြောင့် အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ကြည့်အတွက် တိုင်းဒေသကြီး ပညာရေးဦးစီးဌာနက လာရောက်စစ်ဆေးပြီး အန္တရာယ်ကျောင်းဟု သတ်မှတ်ခဲ့သော်လည်း ယနေ့အထိ တစ်စုံတစ်ရာပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသေးပါကြောင်း၊ ရွှေပန်တော် ဦးကုမ္ပဏီက တင်ဒါရယူဆောက်လုပ်ခဲ့သော မောင်မယ်တန်း ကျေးရွာ၊ ဝါယာ၊ ငတရော်၊ ဆင်ခြေရာ ကျောင်းဆောင်များသည်လည်း စံချိန်စံညွှန်း ပြည့်မီခြင်း မရှိခြင်းကြောင့် မြို့နယ်ပညာရေးဦးစီးဌာနသို့ အကြိမ်ကြိမ်တင်ပြထားကြသော်လည်း ပြုပြင် ဆောင်ရွက်ပေးခြင်းရှိသည်ကို မတွေ့ရပါကြောင်း၊ အချို့ကျောင်းဆောင်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြင်ဆင်ဆောက်လုပ်ပြီးသွားသည်အထိ သွားရောက်ကြည့်ရှု စိစစ်ကြီးကြပ်ပေးခဲ့ခြင်းမရှိဘဲ လက်မှတ်ထိုး လက်ခံခြင်းမျိုးသည်လည်း မဖြစ်သင့်သော ကိစ္စရပ် များဖြစ်ပါကြောင်း၊ သို့ပါ၍ အောက်ပါမေးခွန်းတို့ကို မေးမြန်းအပ်ပါတယ်။ (၁) မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်များဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိနိုင်အောင် မည်ကဲ့သို့စီမံ ညွှန်ကြား ပေးပါမည်နည်း။ (၂) တင်ဒါရယူဆောင် ရွက်ခဲ့သော ကုမ္ပဏီများကို မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပေးနိုင်ပါမည်နည်း။ (၃) တင်ဒါရ ကုမ္ပဏီ ဒေသခံကျောင်းအုပ်ကြီးများ၊ အုပ်ချုပ်ရေးမှူး များ၊ ဖွံ့ထောက်အဖွဲ့များ၊ မိဘဆရာအသင်းများ၊ ရပ်မိရပ်ဖ၊ တတ်ကျွမ်းသူစေတနာရှင်များတို့ဖြင့် ဆောက်လုပ်မည့် BP၊ BQ များကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြ၍ စံချိန်စံညွှန်းနှင့်အညီ ပြုပြင် ပေးနိုင်ရန် မည်သို့စီမံညွှန်ကြားဆောင်ရွက်ပေးနိုင်မည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။