(က)-ကျောက်တော်- ပလက်ဝလမ်း နှင့်မတူပီ- ပ လက်ဝလမ်းပေါ်ဆက်စပ်မည့် ကုလားတန်မြစ်ကူး တံတား ၁၉၀၀ ပေရှိမည့် သံကူကွန်ကရစ်သံပေါင် ကြိုးတံတားကိုလာမည့်ဘတ်ဂျက်နှစ်(သို့)မည်သည့် ခုနှစ်တွင်တည်ဆောက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မိမိတို့ ပလက်ဝ- မတူပီလမ်းသည် လွတ်လပ်ရေးရသည့် ဖဆပလခေတ်က စတင်ဖောက်လုပ်သည့် လမ်းဖြစ်သော်လည်း နှစ်ပေါင်း ၆၀ ရပ်ဆိုင်းထားပြီးနောက် ယခု အစိုးရသစ်လက်ထက်တွင် ပြီးမြောက်ခြင်းဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သော ကျောက်တော်- ပလက်ဝလမ်း သည်လည်း ဖောက်လုပ်ပြီးစီးပြီးဖြစ်ပါကြောင်း၊ သို့သော် အစိုးရရုံးများ ဖွင့်လှစ်ထားသည့် ပလက်ဝမြို့သည် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိနေခြင်းကြောင့် ကျော်တော်-ပလက်ဝလမ်းနှင့် မတူပီ-ပလက်ဝလမ်းတို့ကို ဆက်သွယ်ရန်အတွက် မြစ်ကူးတံတား လိုအပ်ကြောင်း၊ အဆိုပါလိုအပ်လျက်ရှိသော ကုလားတန်မြစ်ကူးတံတားကို လာမည့်ဘတ်ဂျတ်တွင် ဆောက်လုပ် ပေးနိုင်ခြင်း ရှိ/မရှိနှင့် မည်သည့်ခုနှစ်တွင် တည်တောက်ပေးရန် အစီအစဉ်ရှိ/မရှိဆို သည်ကို သိရှိ လိုပါကြောင်းမေးမြန်းပါသည်။