(ဃ)-သံဖြူဇရပ်မြို့နယ်၊နှစ်ကိုင်းကျေးရွာအ.ထ.က (ခွဲ)တွင် နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-20

ဦးသိန်းအောင် (သံဖြူဇရပ်) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝင်း အတွင်း ကျောင်းဆောင်သစ်ထပ်မံတိုးချဲ့ဆောက်ပေးနိုင်ရန် သက်ဆိုင်ရာပညာရေးဌာနအဆင့်ဆင့်သို့ လွန်ခဲ့သည့် ၅-၈-၂၀၁၄ ရက်နေ့တွင် လိုအပ်ချက်ပုံစံအပြည့်အစုံဖြင့် တင်ပြလျှောက်ခဲ့ဖူးပါကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ ပြန်လည်အကြောင်းပြန်ခြင်းမရှိသည့်အတွက် ကျောင်းသား/သူဦးရေမှာလည်း လက်ရှိကျောင်းအဆောက်အဦနှင့် လုံးဝအခြေအနေမကိုက်ညီသည့်အတွက် လာမည့်စာသင်နှစ်တွင် လုံးဝအခြေအနေမပေးနိုင်သဖြင့် ၂၀၁၆-၁၇ နှစ်ကုန်ပိုင်းအချိန်တွင် နောက်ထပ် နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင် မဖြစ်မနေလိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ဒုတိယ နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ပေးနိုင်ရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။