(ဆ)-ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံကိုမည်သည့် အချိန်၌အကောင်အထည်ဖော်တည်ဆောက်မည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-21
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် စောက်ရှောက်ကုသမှုပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၆ ခုတင်ဆံ့တိုင်းရင်း ဆေးရုံ ၁ ရုံတည်ဆောက်ရန် ငွေလုံးငွေရင်း လျာထားချက်များ ထွက်ရှိပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးရုံ တည်ဆောက်ရန်အတွက် လိုအပ်သော မြေ ၁.၉၆ ဧကနှင့် မြေစာရင်းပုံစံ(၁၀၅)ကို မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့မှ လှူဒါန်းပေးထားပြီးလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို မည်ကဲ့သို့စီမံများ ဆောင်ရွက်ထားရှိသည်နှင့် မည်သည့်အချိန်၌ အကောင်အထည်ဖော် တည်ဆောက်မည်တို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။