(ဂ)-စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်၊အမှတ်(၂၄)ပြည် သူပိုင်လမ်းမကြီးကိုမြေပေးမိန့်အတုဖြင့်ခြံခတ်ပြီးကျပ် သိန်း(၇၀)ဖြင့် ရောင်းစားသည့်ကိစ္စနှင့်ပတ်သက်၍ မည်သို့အရေးယူ ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ပြည်သူပိုင်လမ်းမကြီးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းအနေဖြင့် ပထမအကြိမ် မေးမြန်းခဲ့ရာ ဖြေရှင်းဆောင်ရွက်မှု နှေးကွေးကြန့်ကြာနေ သည့်အတွက် ဒုတိယအကြိမ် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံ ရပ်ကွက်၊ ပြည်သူပိုင် လမ်းမကြီး ကိစ္စနှင့်စပ်လျဉ်းပြီး ဒေသခံပြည်သူများမှ ၁၃-၁၂-၂၀၁၃ ရက်နေ့တွင် ၁ ကြိမ်၊ ၁-၁၁-၂၀၁၄ တွင် ၁ ကြိမ်၊ တရားဥပဒေစိုးမိုးရေးအတွက် ၂ ကြိမ်တိုင် ဆန္ဒထုတ်ဖော် တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက်သာ မေးမြန်းခဲ့ခြင်းဖြစ်သည့်အတွက် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ အမှတ်(၂၄) ပြည်သူပိုင်လမ်းမကြီးကို မြေပေးမိန့်အတုဖြင့် ခြံခတ်ပြီး ကျပ်သိန်း (၇၀) ဖြင့် ရောင်းစားသည့်ကိစ္စနှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် မည်သို့ အရေးယူ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။