(ဂ)-မင်းကင်းမြို့နယ်အတွင်းအခြေခံပညာကျောင်း များအတွက်လိုအပ်နေသောကျောင်းအဆင့်တိုးခြင်း များ၊အန္တရာယ်ရှိကျောင်းဆောင်၊တိုးချဲ့ကျောင်းဆောင် များ ပြင်ဆင်ထိန်းသိမ်းရန်အတွက် လိုအပ်သည့် ရန်ပုံငွေတောင်းခံခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ မင်းကင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူး၊ စီမံခန့်ခွဲမှုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းပြီး နှစ်အလိုက် ကျောင်းအဆင့်တိုးခြင်းများ၊ အန္တရာယ်ရှိကျောင်းဆောင်၊ ဥပဓိရုပ်ကျောင်းဆောင်၊ အသစ်တိုးချဲ့ကျောင်းဆောင်နှင့် ပြင်/ထိန်းဟူ၍ ခွဲခြားကာ တန်းစီဇယားများကို ရေးဆွဲပါကြောင်း၊ မိမိကိုယ်တိုင် လည်း ပါဝင်ရေးဆွဲရသည့်အတွက် ပြည်သူများ တင်ပြတောင်းခံလာသည်များကို မြို့နယ်ပညာရေးမှူးနှင့် တိုင်ပင်နှီးနှောပြီး အချိန်ပေးပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ရပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွက် ကျောင်းအဆင့်တိုးခြင်းများကို လွှတ်တော်တွင် ပေးထားသည့်အတိုင်း မဖြစ်ခြင်းများနှင့် တန်းစီ ဇယားအတိုင်း ဖြစ်မလာခြင်းများသည် ဆိုးရွားလှပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်တာဝန်ရှိသူများသည် တန်းစီဇယားတင်ပြထားခြင်းကို ပညာရေးဝန်ကြီးဌာနမှ သိရှိခြင်းရှိ/မရှိ၊ လွှတ်တော်ကိုယ်စား လှယ်များ မေးခွန်းမေးမြန်းမည်ဆိုပါက တိုင်းဒေသကြီးအစိုးရ၏ သဘောထားမှတ်ချက်များကို ကြိုတင်ပြီး တောင်းခံခဲ့ရန် လို/မလို၊ တန်းစီဇယားတွင် ထိပ်ပိုင်း၌ ပါရှိပြီး ဒေသအခက်အခဲနှင့် သက်တမ်းကြာမြင့်နေပြီဖြစ်သောကြောင့် ထုံးကြီးကျေးရွာ အ.လ.က(ခွဲ)မှ အ.လ.က သို့ အဆင့်တိုးခြင်း၊ မောက္ကတော်နှင့် ကံကျေးရွာ အ.လ.က မှ အ.ထ.က(ခွဲ)သို့ အဆင့်တိုးခြင်း၊ မယ်မဲ့ကျေးရွာ အ.ထ.က(ခွဲ)မှ အ.ထ.က သို့ အဆင့်တိုးခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။