(ဃ)-ဘိုကလေးမြို့နယ် အတွင်းရှိ အခြေခံ ပ ညာကျောင်းများတွင် ဆရာ၊ ဆရာမများ စီမံခန့် ထားမှု မညီမျှခြင်းကြောင့်ကျောင်းသား၊ကျောင်း သူများ ပညာသင်ကြားရေး နစ်နာမှုများအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးမြသိန်း ( ဘိုကလေး မဲဆန္ဒနယ်)ကျေးလက်ဒေသရှိ ကျောင်းများတွင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ဆရာ/ဆရာမ အရေအတွက် ပြည့်မီကြောင်းနှင့် ကျောင်းသားနှင့် ဆရာအချိုးမျှတမှုမရှိကြောင်း၊ မြို့ပေါ်ကျောင်း များနှင့် နှိုင်းယှဉ်ကြည့်လျှင် များစွာ ကွာဟနေပါကြောင်း၊ အချို့ကျောင်းများတွင် ဆရာ/ဆရာမ ၁ ဦး၊ ၂ ဦးသာ ရှိနေသေးပါကြောင်း၊ စီမံခန့်ခွဲမှု ချို့ယွင်းအားနည်းချက်များကြောင့် ကျောင်းသားဦးရေများပြားပြီး ဆရာ/ဆရာမ လုံလောက်မှုမရှိခြင်း၊ အချို့ကျောင်းများတွင် ကျောင်းသားဦးရေ နည်းပါးသော်လည်း ဆရာ/ဆရာမဦးရေ သတ်မှတ်ချက်ထက် များပြားနေခြင်း၊ နှစ်စမှ ပြောင်းရွှေ့သွားသော ဆရာ/ဆရာမများနေရာတွင် စာသင်နှစ်ကုန်သည်အထိ အစားထိုးခန့်အပ်ပေးနိုင်ခြင်း မရှိခြင်းတို့ကြောင့် ကျေးလက်ဒေသရှိ ကျောင်းသား/ သူများ ပညာသင်ကြားရေး အခက်အခဲရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများ စီမံခန့်ခွဲထားမှု မညီမျှခြင်းများ၊ ပြောင်းရွှေ့သွားသော ဆရာ/ဆရာမများ အချိန်မီအစားထိုးပေးနိုင်ခြင်း မရှိသဖြင့် ကျေးလက်ဒေသရှိ ကျောင်းသား/သူများ ပညာသင်ကြားရေးအခက်အခဲများ၊ နစ်နာမှုများနှင့် စပ်လျဉ်းပြီး မည်သို့ စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။