(င)-ထန်းတပင်မြို့နယ် အတွင်းရှိ အခြေခံပ ညာကျောင်း များအား ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ် လျဉ်းသည့် မေးခွန်း
ထန်းတပင်မြို့နယ်သည် ဧရိယာ ၃၂၇ စတုရန်းမိုင်ကျယ်ဝန်းခြင်း၊ မြစ် ၄ မြစ်ရှိခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် မြစ်ကူး၊ ချောင်းကူး အသက်အန္တရာယ်နှင့်ယှဉ်၍ ကျောင်းတက်နေရသော ကျောင်းသားကျောင်းသူ များသည် ကျောင်းမတက်နိုင်ကြသဖြင့် ကျောင်းတက်နှုန်းနည်းပြီး ကျောင်းထွက်နှုန်း များနေသောကြောင့် အခြေခံပညာကျောင်းများအား အဆင့်မြှင့်တင်ပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ထန်းတပင်မြို့နယ်အတွင်းရှိ ပန်းတိုင်၊ ဘောလည်၊ အလိန်လည်ကျေးရွာရှိ အ.ထ.က(ခွဲ)များ အား အ.ထ.က အဖြစ်လည်းကောင်း၊ အ.လ.က ညောင်ရိုးကျေးရွာအား အ.ထ.က(ခွဲ)အဖြစ် လည်းကောင်း၊ ကျွဲကူးနှင့် အုဖ္ဖိုလ်ကျေးရွာ အ.လ.က(ခွဲ)တို့အား အ.လ.က အဖြစ်လည်းကောင်း၊ ဒေါင့်ကြီးနှင့် ရခိုင်ရိုးလေးကျေးရွာ အ.မ.က(မူလွန်)တို့အား အ.လ.က(ခွဲ)အဖြစ်လည်းကောင်း၊ အ.မ.ကသဘော့ချောင်းကျေးရွာအား အ.မ.က (မူလွန်)အဖြစ် လည်းကောင်း၊ ကရင်ချောင်းနှင့် ဘေးမခ ရွာသစ်၊ ရွာဟောင်း အ.မ.က(တွဲဖက်)တို့အား အ.မ.ကကျောင်းများအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။