(ခ)-ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်ရှိတလန် ရွား(က)ရွာအတွက် ကတိပြုထားသောရွာချင်း ဆက်လမ်း (၁၂)မိုင်ကို မည်သို့ဆောင်ရွက်ပေး မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ထန်တလန်မြို့နယ်ရှိ ထလန်ရွား(က)ရွာမှ ဟရီဖီးရွာ ရွာချင်းဆက်လမ်းကို သတ္တမအကြိမ်ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်းအဖြစ် မေးခဲ့ပါကြောင်း၊ ပြည်ထောင်စုဆောက်လုပ်ရေး ဝန်ကြီးဌာနမှလည်း ဆောင်ရွက်ပေးရန် ဘတ်ဂျက်ချပေးခဲ့ပါသည်။ သို့သော် ပြည်နယ်ဝန်ကြီးချုပ်မှ လမ်းမတောင်းဆိုသော ထလန်ရွား(က) ကျေးရွာမှ ဟရီဖီးသို့ ပြောင်းပေးလိုက်သောအခါတွင် ထလန်ရွား(က)မှာ လမ်းမရှိတော့သည့်အတွက် စိတ်မကောင်း ဖြစ်ကြပါကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၂၀၁၅-၁၆ ဖြည့်စွက်ရန်ပုံငွေမှ ဦးစားပေးဆောင်ရွက် ပေးပါမည်ဆိုပြီး ဒုတိယအကြိမ် ကတိပေးခဲ့ပါကြောင်း၊ သို့သော် မိမိစုံစမ်းသည့်အခါ ဖြည့်စွက်ရန်ပုံငွေမှာလည်း မပါရှိကြောင်း တာဝန်ရှိသူများမှ ပြောခဲ့ပါသည်။ ဤကဲ့သို့ ပြည်သူများ အယုံအကြည်မရှိအောင် ကတိခဏခဏပျက်ခြင်းသည် မသင့်တော်ကြောင်း၊ သို့ဖြစ်ပါသောကြောင့် ထလန်ရွား(က) ကျေးရွာမှ နှစ်ကြိမ်နှစ်ခါ လမ်းဆုံးရှုံးတော့မည် ဖြစ်သည့်အတွက် ဖြည့်စွက်ရန်ပုံငွေတွင် ချပေးထားရန် ကတိပေးထားသည့်အတိုင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။