(ဂ)-သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စုမှ ရသေ့တောင် ကျေးရွာသို့ ရွာချင်းဆက်လမ်း ကတ္တရာလမ်းခင်းရန်နှင့် စက်စဲကျေးရွာမှကမ်း နားလမ်း ကျိုက္ခမီသို့ ရွာချင်းဆက်လမ်းအားအ သစ်တဖန် ပြန်လည် တည်ဆောက်ပေးနိုင်ရန် တို့နှင့်စပ်လျဉ်းသည့် မေးခွန်း
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာနှင့် စက်စဲကျေးရွာအထိ လမ်းဆက်ဖြစ်နေသော လူသွားလူလာ ပြုလျက်ရှိသော ၂ မိုင် ၅ ဖာလုံအရှည်ရှိပြီး မိုးရာသီအချိန်တွင် အိုင်များထူထပ်ပြီး လမ်းမပေါ်တွင် မိုးရေများဖြင့် ပြည့်လျှံနေသော ထိုလမ်းကို ၈-၆-၂၀၁၄ ရက်နေ့တွင် ကတ္တရာ လမ်း ၃ ဖာလုံ ခင်းပြီးပါကြောင်း၊ ကျန်ရှိသော ၂ မိုင် ၂ ဖာလုံလမ်းကို အသုံးပြုလျက်ရှိသော ရွာသူရွာသားများသည် အလုပ်အကိုင်သွားလာရာတွင် အခက်အခဲဒုက္ခများကြုံတွေ့နေရပါသဖြင့် ကျေးရွာ၏ ဖွံ့ဖြိုးရေးအင်္ဂါရပ်နှင့် ညီညွတ်ရန်၊ သက်ဆိုင်ရာသို့မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ စက်စဲမှ ကျိုက္ခမီသို့ ကမ်းနားလမ်းသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် မွန်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်သက်နေဝင်း၊ ဗိုလ်ချုပ်သန်းအေးတို့ တည်ဆောက် ဖောက်လုပ်ထား သောလမ်းဖြစ်ပါကြောင်း၊ အကယ်၍ ဖောက်လုပ်ပြီးသွားမည်ဆိုလျှင် နိုင်ငံတကာ ဧည့်သည်များ အသွားအလာများသည့် လမ်းဖြစ်ပါသည်။ ထို့နောက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလည်း အဆင်ပြေချောမွေ့မည် ဖြစ်သည့်အတွက် ကမ်းနားလမ်းရှိအိမ်ခြေများသည် လမ်းမကြီးနှင့်ဆိုလျှင် ၃ မိုင်ခွဲ၊ ၄ မိုင်လောက်ဝေးပါကြောင်း၊ ရွာချင်းဆက်လမ်း၊ ကမ်းနားလမ်းအား ပြန်လည်တည်ဆောက်ပေးနိုင်ရန်နှင့် ကြုံတွေ့နေရသည့် အသွားအလာခက်ခဲ ဒုက္ခများ ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။