(စ)-ကျုံပျော်မြို့နယ်၊အ.မ.ကသဲဖြူကြီး၊ရွာသာယာ၊ ကျွဲကျောင်းဂရက်၊ ကျားပစ်အိုင်နှင့် မူလွန်ထော် ဦး ကျောင်းတို့အတွက် ကျောင်းဆောင် အသစ် များဆောက် လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဒေါက်တာစိုးသူရ (ကျုံပျော်)မိမိတို့ မြို့နယ်အတွင်းရှိ ခေတ်အဆက်ဆက်၌ ဒေသခံပြည်သူများမှ ဆောက်လုပ်ခဲ့ကြသော ကိုယ့်အားကိုယ် ကိုးကျောင်းများအား သစ်အမျိုးအစား မှန်ကန်မှုမရှိခြင်း၊ ခြစားခြင်းခံရခြင်း၊ ငလျင်ဒဏ်ခံရခြင်း၊ လေပြင်းဒဏ် ခံရခြင်းတို့ကြောင့် ယခုအချိန်တွင်  အချိန်အခါမရွေး ပြိုကျပျက်စီးကာ အန္တရာယ်ကျရောက်နိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ၎င်းကျောင်းများတွင် ၁၉၆၉ ခုနှစ် ဆောက်လုပ်ခဲ့သော အ.မ.က သဲဖြူကြီး အုတ်ညှပ်ဆောင်၊ ၁၉၈၇ ခုနှစ်တွင် ဆောက် လုပ်ခဲ့သော အ.မ.က ရွာသာရွာ အုတ်ညှပ်ဆောင်နှင့် ၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အ.မ.က ကျွဲကျောင်းဂရက် အုတ်ညှပ်ဆောင်တို့တွင် သစ်အမျိုးအစားမမှန်ကန်သည့် အပြင် ခြများစားနေခြင်းကြောင့်လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် ဆောက် လုပ်ခဲ့သော အ.မ.က ကျားပစ်အိုင် RC ကျောင်းဆောင်၊ ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သော မူလွန်ထော်ဦး RC ကျောင်းဆောင်တို့မှာ ငလျင်ဒဏ်ခံရခြင်းနှင့် လေပြင်ဒဏ်ခံ ရခြင်းတို့ကြောင့် အန္တရာယ်ကျရောက်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများမှလည်း ၎င်းကျောင်းဆောင်များကို အသစ်ဆောက် လုပ်ပေးပါရန် တောင်းဆိုကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ အစီအစဉ်ရှိပါက မည်သည်‌့ခုနှစ် တွင်ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။